Saturday 20 December 2008

Usage of English 3 (အင်္ဂလိပ်စာအသုံးအနှုန်း ၃)

"တစ်လှမ်း နှစ်လှမ်း၊ ကြိမ်ကြိမ်လှမ်းက၊ ရည်မှန်းတိုင်းမြောက်၊ ပန်းတိုင်ရောက်၏"
ဆိုတဲ့ လင်္ကာလေးလိုဘဲ ဖြစ်ချင်တဲ့အရာကို နဲနဲနှင့်မှန်မှန် လေ့လာမှတ်သား အားထုတ်သွားရင် ပန်းတိုင်ဆိုတာ နီးသထက်နီးလာမှာပါ။

အတူတူလေ့လာပြီး ပန်းတိုင်ဆီဦးတည်ကြရအောင်။
..................................


*He is determined to win at any cost.
ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် သူ နိုင်ရမယ်လို့ ဆုံးဖြတ်ထားတယ်။

*He is determined to succeed at all costs.
ံမဖြစ်မနေ အောင်မြင်ရမယ်လို့ သူ ဆုံးဖြတ်ထားတယ်။

*All of a sudden someone grabbed me around the neck.
ရုတ်တရက် တစ်ယောက်ယောက်က ကျနော့် လည်ပင်းနားကို ဆုပ်ကိုင်လိုက်တယ်။

*We've got rid of all the old furniture in our house.
ငါတို့အိမ်က ပရိဘောဂအဟောင်းတွေအားလုံးကို ရှင်းလင်းပစ်လိုက်ပြီ။

*These shoes are worn out.
ဒီဖိနပ်တွေ ပျက်စီးသွားပြီ။

Could you sort out the toys that can be thrown away?
လွင့်ပစ်ဖို့ ကလေးကစားစရာအလုပ်ကလေးတွေကို ရွေးထုတ်ပေးနိုင်မလား။

*If you can wait a moment, I'll sort it all out for you.
ခဏလေးစောင့်နိုင်ရင် အဲဒါအားလုံး မင်းအတွက် ငါဖြေရှင်းပေးမယ်။

*I think you know what I mean.
So, I am sure I don't need to spell it out.
ငါဘာဆိုလိုတယ်ဆိုတာ မင်းသိမယ်ထင်ပါတယ်။ ဒါကြောင့် ငါရှင်းပြတော့မလိုတော့ပါဘူး။

*The new law takes effect from tomorrow.
မနက်ဖြန်ကစပြီး ဥပဒေအသစ် စတင်ပြဌာန်းမယ်။

*He came into power in 1959.
သူ ၁၉၅၉ ခုနှစ်မှာ အာဏာရလာခဲ့တယ်။

*President Bush has turned down the request.
လျောက်လဲချက်ကို သမတဘုရှ် ပယ်ချလိုက်တယ်။


မီးနင်းများ
---------
at any cost= ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်
at all costs= မဖြစ်မနေ၊ အစွမ်းကုန်
all of a sudden= ရုတ်တရက်
get rid of= ဖယ်ရှားသည်။
be worn out=ပျက်စီးသည်။
sort out= ရွေးထုတ်သည်၊ ဖြေရှင်းသည်။
spell out= ရှင်းပြသည်
take effect= စတင်ကျင့်သုံးသည်။
come into power= အာဏာရသည်။
turn down= ပယ်ချသည်။

2 comments:

Khaing said...

Thanks bro :)! very useful for me. now I am starting to learn usage of english from your first post lesson.

Unknown said...

ဒီနေ့ အင်္ဂလိပ်စာ အသုံးအနှုန်းကို နံပါတ် သုံး အထိဖတ်သွား မှတ်သွားပါတယ် ... ဒီလို တကူးတက ရှဲပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ...
နည်းနည်းနဲ့မှန်မှန်လေ့လာမှတ်သားသွားရင် ပန်းတိုင်ဆိုတာ နီးသည်ထက် နီးလာမှာပါဆိုတဲ့ စကားအတိုင်း မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ့မယ် ...

ကြယ်ပြာ