Tuesday 2 December 2008

အကြီမားဆုံးရန်သူ (သို့) အရင်းနှီးဆုံးမိတ်ဆွေ


တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။
တိုက်ပွဲတိုင်းမှာ ဒဏ်ရာကိုယ်စီရခဲ့ကြတယ်။ စိတ်ဓါတ်တွေ အင်အားတွေ အချိန်တွေ အားလုံးအားလုံးကို အသုံးပြုခဲ့ကြတယ်။ ငွေတွေ သာယာမှုတွေ အားလုံးအားလုံးကို စွန့်လွတ်ခဲ့ကြတယ်။

နေ့မအား ညမအား တနိုင်ငံလုံး လှည့်ပတ်ပြီး နည်းပေါင်းစုံနှင့် တိုက်ခိုက်ခဲ့တယ်။ တစ်ခါတစ်ခါမှာ တိုက်ပွဲက သူမသာ ကိုယ်မသာ (Neck in Neck ) အခြေအနေ။ တစ်ခါတစ်ခါ တောင်ပိုင်းဒေသမှာ ရှုံးနိမ့်ပြီး မြောက်ပိုင်းဒေသမျာ သရဖူဆောင်းရတယ်။

အဓိကတိုက်ပွဲဝင် ခေါင်းဆောင်ကတော့ နှစ်ဦးထဲ။ ဒီနှစ်ဦးထဲက အနိုင်ရတဲ့သူဟာ ဧရာမရန်သူကြီးနှင့် ထပ်တွေ့ရဦးမယ်။ ဒါပေမဲ့ တိုက်ပွဲပျော်တို့အဖို့မှာတော့ တိုက်ပွဲတွေကို ဆာလောင်ငတ်မွတ်စွာ စောင့်မျှော်နေလျက်ပါဘဲ။

တိုက်ခိုက်နေတဲ့ ခေါင်းဆောင်နှစ်ဦးထဲမှာ တစ်ဦးက မိန်းမသား။ တစ်ဦးက ယောက်ျားရင့်မကြီး။
တစ်ဦးက ဖြူဖြူဖွေးဖွေး။ တစ်ဦးက မဲမဲကြုတ်ကြုတ်။ သူတို့နှစ်ဦးကား အမေရိကန်ပြည်ထောင်စုရဲ့ 
ဟယ်လာရီ ကလင်တန်(Hillary Clinton)နှင့်ဘာရက်ခ် အိုဗားမား (Barack Obama) တို့ဘဲ ဖြစ်ပါတယ်။

မိုးမမြင်လေမမြင် သဲသဲမဲမဲ တိုက်ခိုက်ပြီးနောက်မှာတော့ မိန်းမသားဖြစ်တဲ့ ဟယ်လာရီ ကလင်တန် ရှုံးနိမ့်သွားခဲ့ပါတယ်။

အနိုင်ရသူ ဘာရက်ခ် အိုဗားမားကတော့ ဧရာမရန်သူကြီးဖြစ်တဲ့ ဂျွန်မက်ကိန်း (John McCane) နှင့် ထပ်ပြီး စီးချင်းထိုးရပါတယ်။ စီးချင်းထိုးပွဲအပြီးမှာတော့ တိုက်ခိုက်ရည်ဝလာပြီး ဖြစ်တဲ့ ဘာရက်ခ် အိုဗားမားကဘဲ ထပ်အနိုင်ရပြီး အမေရိကမကိုဋ်သရဖူကြီးကို ဆောင်းခွင့်ရသွားပါတယ်။

မိတ်ဆွေတို့ သိပြီးတဲ့အတိုင်း
သူက အမေရိကန်နိုင်ငံရဲ့  ၄၄ ဆက်မြောက် သမတဖြစ်သွားပြီမဟုတ်ပါလား။ သူ့နာမည်က ဘာရက်ခ် အိုဗားမားတဲ့။ လူမည်းမျိုးနွယ်စုရဲ့  ပထမဆုံး အမေရိကန် သမတကြီးပေါ့။ လူမည်းတွေအတွက် ဂုဏ်ယူစရာပါ။

သူ သမတရာထူးကို ရရှိပြီးတဲ့နောက်
သူ့နှင့်ပထမတိုက်ပွဲမှာ အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ ဟယ်လာရီ ကလင်တန်ကို နေရာကြီးကြီးမားမား တစ်ခု ပေးလိုက်တယ်ဗျာ။ အံ့သြစရာဘဲ။ သိုက်သမား လှေပေါ်တင်မိသလို ဖြစ်နေမလားဘဲ။
လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲပေါ့။

ရာထူးပေးလိုက်တဲ့နေရာကိုလဲ ကြည့်ဦး။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နာမည်ကျော် လူမည်းမလေး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ရဲ့ နေရာလေ။ နိုင်ငံတော်ရဲ့ အတွင်းရေးမှူး (နိုင်ငံခြားရေးဝန်ကြီး) [Secretary of State]ရာထူးတဲ့။ နိုင်ငံတကာ အဓိကရုဏ်းကိစ္စတွေမှာ သမတရဲ့ အားအကိုးရဆုံး နေရာပေါ့။ လူမည်းသမတက လူမည်းမလေးကို ဆက်လက် တာဝန်မပေးတာကတော့ စဉ်းစားလို့မရဘူး။ နိုင်ငံရေးဆိုတော့လဲ ခက်တယ်ဗျာ။

ဟိုအရင် အတိတ်ကာလတုန်းက
အချင်းချင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေ ဘယ်လိုပင်ပြင်းထန်ခဲ့ပေမဲ့ အခုအခါမှာတော့ သူတို့နှစ်ယောက် (ဘာရက်ခ် အိုဗားမားနှင့် ဟယ်လာရီ ကလင်တန်တို့ဟာ အကြီးမားဆုံးရန်သူဘ၀ကနေပြီး အရင်းနှီးဆုံးမိတ်ဆွေဘ၀ကို အရယူသွားကြလေရဲ့ ။ ။


ဝန်ခံချက်။
http://news.bbc.co.uk/1/hi/world/americas/7758673.stm ကို ကိုးကားထားပါတယ်။

No comments: