Wednesday 29 March 2017

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၇

မျိုးဆက်သစ်များ၊ ဥာဏ်ရည်ထွားဖို့
ကိုယ်အားစိတ်အား၊ ငွေကြေးအားဖြင့်
ကြိုးစားတည်ဆောက်၊ စိတ်မနှောက်ဘဲ
ပြီးမြှောက်ဖို့သာ၊ တောင်းတရာသည်
တို့ရွာတုံးဖလား၊ စွမ်းပကား။
ကျေးရွာငယ်လေး၊ မြို့နှင့်ဝေးပြီး
ငွေကြေးဂုဏ်အင်၊ မစုံလင်၍
လှူရှင်ပေါင်းစု၊ ထိုကောင်းမှုဖြင့်
ပြုစုတည်ထောင်၊ တစ်ဝက်အောင်ပြီ
ဂုဏ်ဆောင်တုံးဖလား၊ စွမ်းပကား။

(၁၁ စက်တင်ဘာ ၂၀၁၄)

No comments: