Saturday 1 April 2017

"တူ" တေးထပ်

တူတူဆို တူတူပဲမို့
တမူထဲ ထောက်ခံ။
မတူကွဲ ဖောက်မပြန်သည်
နောက်တဖန် သိထား။
အစကောင်းလို့ ခဏပြောင်းဆိုလျှင်
ဘ၀ဟောင်းကို သွားဖို့လွန်များ။
အော်သမျှ ပျော်ဖို့ပါကွယ်
ခေါ်စို့ရယ် ပြည့်အား။
မျှော်လို့မယ် ဂတိတရားတွေနဲ့
အသိပွါး နေမှာ။
ပြည့်သာယာ ရောင်နီဝင်းကို
ဆောင်ကြည်လင်း သွင်းတော့သည်သာ။ 
ထာဝရ ငြိမ်းချမ်းရာကို
သိမ်းမြန်းကာ ဆင်နွှဲလို့။
စိတ်ထဲမှာ များပြည်သူ
ညီကြတူတူ။
တစ်ယောက်တစ်အုပ်နဲ့ နောက်ဆုပ်သူကို
ကြောက်-ယုတ်လူ ခေါ်ကြပါကွဲ့လေး။ ။

(၃၀ မတ်လ ၂၀၁၇)

1 comment:

EttyThaw said...

သူကြီးမင်းက စေတနာဗလဖွနဲ့
တေးထပ်ကိုချီ
မချိစရာက
ကဗျာချစ်သူများ
ဘော်လီမပါတဲ့မင်းသမီးကို ဝန်းရံသူလောက်မများ
အပုပ်ကြိုက်တဲ့မြန်မာပြည်ရယ်
သည်လို ကဗျာရဲ့ရနံ့ကို
ရှူစေ့ချင်တာ
မယ့်စေတနာ