Thursday, 30 March 2017

ပွင့်ခိုက်သာ


ပွင့်လွှာထပ်ထပ်
ပွင့်ဖတ်စုံစုံ
ပွင့်ပုံဆန်းဆန်း
ပွင့်လန်းညီညီ
ပွင့်သီရွရွ
ပွင့်လှစွင့်စွင့်
ပွင့်ခွင့်ဖန်ဖန်
ပွင့်နန်းဆန်၍
ပွင့်တံရိုးရှင်း
ပွင့်လင်းသာသာ
ပွင့်မာလာတည့်။ 

နန်းဆန်သည့်ပန်း
ဘယ်သို့လန်းလည်း
သက်တန်းပြတ်ကြုံ
ကံကျိုးကုန်သော်
ငုံဖူးပွင့်ကြွေ
အောက်အခြေသို့
ကြေမွလျောကျ
ပျက်စီးရ၏။

ပန်းလှသံဝေ
ပန်းအခြေကို
ပန်းလေသိသင့်
ပန်းချင့်သင့်သည်
ပန်းနှင့်တူသူ
သတိမူလော့။

(30 March 2017, Thursday)

4 comments:

Ma Tint said...

နန်းဆန်သည့်ပန်းလည်း ဖြစ်ပြီးပျက်သည့် အနိစ္စတရားသဘောအတိုင်း မတည်မြဲပါတကား။

သူကြီးမင်း (တုံးဖလား) said...

ဘလော့ရွာသားတွေ ဘလော့မှာ မမြဲကြတာလဲ အနိစ္စရဲ့ သရုပ်သကန်ပေါ့ တီတင့်း)

စံပယ်ချို said...

ပန်းလဲအချိန်တန်တော့ကြွေရပါတယ်လေ လူတွေလဲအဲလိုပါပဲသာဂျီးမင်းရေ

သူကြီးမင်း (တုံးဖလား) said...

အမှန်ပဲပေါ့ တီစံပယ်။
ဘလော့ကြီးလဲ အချိန်တန်တော့ အိုနေပြီမဟုတ်လား။ ဘယ်သူမှ အနားသိပ်မကပ်ကြတော့ဘူး။း)