Wednesday 17 December 2008

အထင်ကရ မမြင်ရတဲ့ခဏ


စာမသင်ချင်တဲ့ကလေးတစ်ယောက်က
စာသင်ခန်းထဲ ပစ်သွင်းခံရခြင်းဝဋ်ကို
အိမ်မြောင်သံနဲ့ညီးညူရင်း
Practical မရှိတဲ့
တံတားလေးလွတ်စာလုံးတွေအောက်
ငါ့ဦးခေါင်းကို ထိုးသွင်းမိတယ်။

ငါကတော့
စာအုပ်ထဲက ဂျပိုးတစ်ကောင်နဲ့
ရန်မဖြစ်ချင်ဘူး။

သေချာခြင်းနှင့်မရေရာခြင်း
တယူသန်ခြင်းနှင့်လူဆန်ခြင်းအတွက်
ဓါးမတစ်ချောင်းကိုဘဲ
ရှာနေမိတယ်။

သုညရဲ့ တန်ဖိုးကို ရှာဖွေရင်းနဲ့
သုညဖြစ်ခဲ့တဲ့
ငါကလေ
နောင်တတွေတဖွားဖွား မီးညှိရင်း
အချိန်ရထားကို အမီလိုက်ရတယ်။

သံသရာကို သံသယနဲ့စောင့်ကြည့်ရင်း
ဘားပလက်နဲ့ အားဆက်ခဲ့မိတော့
နှလုံးသားပြပွဲလေး
ဇာတ်လမ်းတိုတော့တာပေါ့။

နေကဘဲ အ၀င်အထွက်များတာလား
ဥတုကဘဲ အပြောင်းအလဲ မြန်တာလား
စိတ်ကဘဲ လေယာဉ်စီးနေသလား
သိပ်မသေချာခင်
ပန်းတိုင်နဲ့မှ လက်မဆက်ရသေးခင်
သေမင်းကတော့ လက်ယပ်နေပြီ။

အပြာရောင်အောက်
အနီရောင်လောက
အစိမ်းရောင်လွင်ပြင်က
သောကရောင် လူသားတွေ။

ဘ၀နေ၀င်နေထွက်ကို မေ့လျော့
အဖက်ဖက်က ချို့ တဲ့မှုတွေ ခုခံ
လူ့သဏ္ဍာန်ကွယ်ပျောက်ခဲ့ရပြီ။

No comments: