
နာဆာအဖွဲ့နှင့်
အာသာသပညာရှင်တွေရဲ့ ခန့်မှန်းချက်အတိုင်းပါဘဲ။ မနေ့ည (လပြည့်နေ့ည) ရဲ့  လမင်းကြီးဟာ ပုံမှန်ထက် ပိုကြီးပြီး ပိုတောက်ပခဲ့ပါတယ်။
ကမ္ဘာမြေကြီးနှင့် ကီလိုမီတာ ၃၅၀၀၀၀ အကွာကျော်ကျော်လောက်က ဖြတ်သန်းသွားခဲ့ပါတယ်။
ခါတိုင်းထက် ကီလိုမီတာ ၃၀၀၀၀ကျော် ပိုပြီး နီးကပ်လာခဲ့ပါတယ်။ ၁၅ နှစ်အတွင်း ကမ္ဘာနှင့်အနီးကပ်ဆုံးကိုရောက်ခဲ့တာပါ။
စက်ဝိုင်းပတ်လမ်းကနေ ဘဲဥပတ်လမ်းအသွင်ယူပြီးလှည့်ပတ်ခဲ့လို့ အခုလို နီးကပ်လာတာပါ။ အဲဒီဘဲဥပတ်လမ်းရဲ့  အငူတစ်နေရာဟာ ဒီကမ္ဘာကြီးနှင့်အတော်လေးနီးကပ်နေပါတယ်။
အဲဒီနေရာကို လမင်းကြီး မနေ့ညက ဆိုက်ဆိုက်မြိုက်မြိုက်မြိုက် ရောက်ခဲ့တာပါ။
ကျနော်လဲ မနေ့ညက ကြိုးစားပြီး ကောင်းကင်ပေါ်ကို မော့ကြည့်ဖြစ်ပါသေးတယ်။ ဒါပေမဲ့ လန်ဒန်မိုး အစိုးမရ ဆိုသလို တိမ်တွေက ကောင်းကင်ပြင်မှာ နေရာယူ၊ မိုးကလဲ အဆက်မပြတ် တစ်ဖွဲဖွဲဆိုတော့ ရတောင့်ရခဲ အခွင့်အရေးကြီးကို မတွေ့လိုက်ရပါဘူး။ မိုင်းပေါင်းများစွာ ပိုနီးကပ်လာပြီး ပိုကြီး ပိုတောက်ပလာတယ်ဆိုတော့ စိတ်ဝင်စားစရာကြီးမဟုတ်လား။
မိတ်ဆွေတို့ကော တွေ့ မြင်ခဲ့ကြပါရဲ့ လား ????
မှတ်ချက်။ ။
http://news.bbc.co.uk/1/hi/sci/tech/7779294.stm ကို ကိုးကားဖော်ပြထားပါတယ်။
No comments:
Post a Comment