Wednesday 31 December 2008

ထမင်းစားဖို့မေ့သွားခြင်း

ပန်းတစ်ပွင့်ရဲ့ လုံခြုံရေးအတွက်
ဆူးတံတိုင်းတွေကာရံထားတာဆိုရင်
သဲတရှပ်ရှပ်နဲ့ အသားတုံးလေး
လုံခြုံရေးအတွက်ပေဘဲလား။

အလင်းဓါတ်များများမြင်နိုင်အောင်
အိပ်စက်အနားယူပြီး မျက်လုံးမှိတ်ထားရတာဆိုရင်
လကွယ်ညရဲ့  မှောင်နက်မဲမဲတွေဟာ
အလင်းများများပေးနိုင်ဖို့
လမင်းရဲ့  အိပ်စက်အနားယူခြင်းဘဲလား။

ခဲလုံးလေး ရေကန်ထဲ ပစ်ချလိုက်တဲ့အခါ
ရေပြင်ကျယ်လေး နာကျင်လို့ တွန့်လိမ်သွားတာဆိုရင်
ကွမ်းယာကို ၀ါးရင်း အနီရောင်တွေ ထွက်လာတာဟာ
ဒဏ်ရာကြောင့်ကျတဲ့ သွေးတွေများလား။

ကြေးစည်ကို ထုလိုက်တဲ့အခါ
ကျယ်လောင်စွာ မြည်ဟီးသံဟာ မူးဝေသွားလို့ဆိုရင်
လေပြင်းလေးဝှေ့အတိုက်မှာ သစ်ပင်တွေရဲ့ တရှဲရှဲအော်သံဟာ
ယားကျိကျိဖြစ်လို့ ရယ်မောနေတာများလား။

တစ်ယောက်ထဲ ငုတ်တုတ်ထိုင်
မစပ်မဆိုင် စဉ်းစားရင်း
ထမင်းစားဖို့မေ့သွားခဲ့တယ်။



1 comment:

Anonymous said...

ထမင်းစားဖို့မမေ့နဲ့နော်