Thursday, 18 December 2008

ဇင်္ဂမ မြင်ရတဲ့ ထာဝရ


တောင်ပံတွေရှိနေသရွေ့ 
ငါမအိုသေးပါဘူး။

ဘ၀တိုက်ပွဲဆိုတာ
ညမှာ
နှစ်ခြိုက်စွာအိပ်ပျော်ဖို့လောက်ခက်အံ့မထင်။

လက်တွေ့ဘ၀နှင့်လက်ရှိခဏ
မညီမျှပေမဲ့
ဒီမျှသာလို့မပြောလိုက်ပါနဲ့။

အိပ်ပျက်ညတွေကို
စိတ်ပျက်စွာ ထိုင်ရေတွက်နေမဲ့အစား
မိုင်ကုဋေခရီးကို
တောင်ပံဖြန့်ပျံသန်းလိုက်ကြစို့။

ဝမရှိဘဲ ၀ိလုပ်တာ မဟုတ်ပါဘူး
သုညရှိမှ တစ်ဆယ်ဖြစ်တာ
သုညတွေအများကြီးရှိလာရင်
နောင်တတွေ မီးညှိစရာမလိုတော့ဘူးလေ။

ပင်လယ်ပြင်ကို
ပင်ပန်းတဲ့စိတ်နဲ့ အကဲခတ်နေမဲ့အတူ
အိုအေစစ်ကိုတမ်းတ
နှလုံးသားဇာတ်လမ်းလေးစကြရင်
အပြုံးတံတားခင်းပေးမဲ့သူပါ။

ပန်းတိုင်ကို လှမ်းကိုင်ဖို့ အံတု
ဥတုရာသီ ဘေးမှာချိတ်
အတိတ်ကို အနာဂါတ်နှင့်ပေါင်းစပ်
ပစ္စုပ္ပန်ကိုတည့်တည့်ကို လှော်ခတ်
လက်ယပ်ခေါ်မဲ့သေမင်း
ဒို့နှစ်ယောက် အတူရှင်းကြစို့။

ကာလာစုံ သောကရောင်တွေအောက်က
မာယာဘုံလူသားတွေကို မေ့ထား
နေ့မအား ညမအား
ရိုးသား ကြိုးစားရင်း
ဘ၀သီချင်းအတူတူ အော်ဟစ်ကြမယ်လေ။





No comments: