Tuesday 4 November 2008

လန်ဒန်မျက်လုံးကြီး (London Eye)



လန်ဒန်မှာ အရမ်းနာမည်ကြီးနေတဲ့ လန်ဒန်မျက်လုံး(London eye)ကြီးရဲ့  ခန့်ညားထည်မှုကတော့
လန်ဒန်မြို့ သူမြို့ သားများအားလုံးဂုဏ်ယူစရာပါ။
Central Londonလို့ခေါ်တဲ့ လန်ဒန်မြို့ လည်မှာ တည်ရှိပါတယ်။

အဲဒီလန်ဒန်မျက်လုံးကြီး(ချားရဟတ်ကြီး)ကို ၂၀၀၀ခုနှစ် မတ်လထဲမှာ ဖွင့်လှစ်ခဲ့တာပါ။
ဖွင့်တဲ့အချိန်ကစပြီး ခေတ်သစ်ဗြိတိန်ရဲ့ အမှတ်အသားအဖြစ် ထင်ရှားခဲ့ပါတယ်။ ယူကေတစ်ကျွန်းလုံးမှာ ခရီးသည်များကို ဆွဲဆောင်မှုအကောင်းဆုံးအဖြစ်လဲရပ်တည်နိုင်ခဲ့ပါတယ်။
ပျမ်းမျှ တစ်နှစ်ကို ခရီးသည် ၃.၅ သန်း လာရောက်လည်ပတ်ကြလို့ ၀င်ငွေအရမ်းကောင်းပါတယ်။
လန်ဒန်မျက်လုံးကြီးပေါ်ကကြည့်ရင် (အမြင့် ၁၃၅ မီတာရှိတဲ့အတွက်) ကီလိုမီတာ ၄၀ အကွာအဝေးအထိမြင်နိုင်ပါတယ်။

အဲဒီလန်ဒန်မျက်လုံးကြီးကို David Marks and Julia Barfield, a husband and wife architect team ရဲ့  အကြံပြုချက်အရ တည်ဆောက်ခဲ့တာပါ။ ၀ိုင်းဝန်းတဲ့စက်ဘီးပုံစံဟာ ရာစုနှစ်ပြောင်းလဲလည်ပတ်ခြင်းကို ရည်ညွန်းထားပါသတဲ့။
လန်ဒန်မျက်လုံးကြီးကို ၂၀၀၈ခု ဖေဖော်ဝါရီလအထိ British Airwaysက အဓိက Sponsor ပေးထားပါတယ်။ အခုလက်ရှိလုပ်ငန်းတွေကိုတော့ The London Eye Company Limitedက ဦးဆောင်လည်ပတ်နေဆဲပါ။

လန်ဒန်မျက်လုံးကြီးကို ဖွင့်တဲ့အချိန်ကစပြီး
ဆွဲဆောင်မှုအရှိဆုံးဆု ဗိသုကာဒီဇိုင်းဆု ကမ္ဘာ့ခရီးသွားဆုစတဲ့ ဆုပေါင်း ၇၅ခုကျော်ကို
ရရှိခဲ့ပြီးဖြစ်ကြောင်းပါခင်များ။

နာမည်အရမ်းကြီးပေမဲ့
ကျနော်ကတော့ မြန်မာပီပီ လန်ဒန်မျက်လုံးကြီးနား ရစ်ကာပတ်ကာ(ရစ်သီသီ)လုပ်ခဲ့ရုံကလွဲပြီး
အပေါ်ထိတက်ဖို့တော့ တစ်နှစ်လောက် အချိန်ယူပြီး စဉ်းစားနေဆဲပါဘဲလို့ အသိပေးလိုက်ပါရစေ။

No comments: