Saturday, 29 November 2008
အလွမ်း ၁၀ ပါး
အကန်း ၁၀ ပါးရေးပြီးတဲ့အခါမှာ သူရဲ့ ကာရန်ခပ်ညီညီဖြစ်တဲ့ အလွမ်း ၁၀ ပါးကို ခပ်ကြောင်ကြောင် ကြံဖန်ရေးရရင်ကောင်းမှာဘဲဆိုပြီး ကျနော် ခံစားမိတဲ့ အလွမ်း ၁၀ မျိုးကို ရေးလိုက်မိပါတယ်။
မိဝေးဖဝေး ဆရာဝေး နိုင်ငံဝေးပြီး တစ်နယ်တစ်ကျေးမှာ ပညာရှာနေရပေမဲ့ အလွမ်းဓါတ်ခံ ရှိသူမို့
နေပူရင်လဲ လွမ်းတယ်။ မိုးရွာရင်လဲ လွမ်းတယ်။ နှင်းကျရင်လဲ လွမ်းတယ်။ သစ်ရွက်ကလေးတွေ ကြွေကျရင်လဲ လွမ်းတယ်။ ပူအိုက်ရင်လဲ လွမ်းတယ်။ ချမ်းအေးရင်လဲ လွမ်းတယ်။ အကုန်လုံး လွမ်းစရာတွေချည်းပါဘဲဗျာ။
လွမ်းစရာတွေ ဆွေးစရာတွေ အများအပြားရှိပေမဲ့လဲ အခု အလွမ်း ၁၀ ပါးကတော့ အလွမ်းတကာ့ အလွမ်းဆုံးလေးတွေရယ်ပါ။ ဖတ်ပြီးရင် ခပ်ကြောင်ကြောင်ကောင်ဘဲလို့ စိတ်ထဲ ရေရွတ်လိုက်ကြဦးပေါ့။ ဒါမှ ဖတ်ရကျိုးနပ်မှာ မဟုတ်လား။ ဟဲ ဟဲ။
၁။ဘုရားအလွမ်း
လန်ဒန်တံတား လန်ဒန်မျက်စိ ဂရင်းနစ် နန်းတော် ပြတိုက်စတဲ့ စိတ်ဝင်စားစရာတွေ အများအပြားရှိပေမဲ့ ရန်ကုန်က ရွှေရောင်ပြောင်ပြောင် ကြည်ညိုဂုဏ်ကိုဆောင်တဲ့ ရွှေတိဂုံဘုရား အလွမ်း
၂။မိဘအလွမ်း
လန်ဒန်မှာ ဘုရင်မကြီး ၀န်ကြီးချုပ်စတဲ့ အဆင့်မြင့်မြင့်အုပ်ချုပ်မှုအောက် နွေးထွေးစွာ နေခွင့်ရရှိပေမဲ့ မရှိအတူတူ ရှိအတူတူ ထမင်းရည်ပူအတူတူ သောက်ခဲ့ကြတဲ့ မိဘအလွမ်း
၃။စာဥအလွမ်း
လန်ဒန်သူတွေ ဥရောပသူတွေ ကုလားမလေးတွေ နိုင်ငံတကာမှ ကာလာစုံလေးတွေ နတ်သမီးတမျှ လှပပေမဲ့လဲ ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ တောဆန်ဆန် စာဥအလွမ်း
၎။ကန်ဇွန်းရွက်အလွမ်း
လန်ဒန်မှာ ကြက်သား ၀က်သား ဆိတ်သား KFC, FISH & CHIPS တွေ မှိုလိုပေါပေမဲ့ မြန်မာမှာ စားခဲ့ရတဲ့ ကန်ဇွန်းရွက်အလွမ်း
၅။စူပါကော်ဖီမစ်အလွမ်း
လန်ဒန်မှာ အက်စ်ပရက်ဆို ကပုချီနိုစတဲ့ ရှယ်ကော်ဖီတွေ ရှိပေမဲ့
မြန်မာပြည်က ခပ်ခါးခါး ပလိန်း စူပါကော်ဖီမစ် အလွမ်း
၆။ဘတ်စ်ကားအလွမ်း
မြေအောက်ရထား မြေပေါ်ရထား ဘတ်စ်ကားစတဲ့ အကောင်းစား ယာဉ်တွေချည်း စီးနေရပေမဲ့ ရန်ကုန်က ခပ်ကြပ်ကြပ် ချွေးနံ့သင်းပျံ ပျံ့  စီးခဲ့ရတဲ့ ၄၃လိုင်း ဘတ်စ်ကားအလွမ်း
၇။ကြိမ်ကုလားထိုင်အလွမ်း
ဆိုဖာ မွေ့ယာစတဲ့ ဇိမ်ခံပစ္စည်း ခပ်အိအိတွေကို အလျံပယ်သုံးနေရပေမဲ့
မြန်မာက တောဖြစ် ကြိမ်ကုလားထိုင်အလွမ်း
၈။နွားနီတံဆိပ် နို့မှုန့်အလွမ်း
နွားနို့ ဆိတ်နို့ နို့မှုန့်စတဲ့ ယူကေစတန်းဒါတ် နို့ပေါင်းစုံသောက်ခွင့်ရပေမဲ့
မြန်မာပြည်က စာဥ... အ.ဲ... နွားနီ နို့မှုန့်အလွမ်း
၉။ကားလမ်းအလွမ်း
လန်ဒန်မှာ အဝေးပြေးလမ်းမကြီးတွေ မြို့ ထဲလမ်းတွေ ချောမွတ်နူးညံ့ပြီး သာသာယာသာ ငြိမ့်ငြိမ့်ငြောင်းငြောင်း စီးလို့ အရမ်းကောင်းပေမဲ့ ကားစီးခရီးသွားတဲ့အခါ ထမင်းစားပြီး အစာကြေဆေးမလိုဘဲ အစာကြေသွားလောက်အောင် တစ်ဂျုန်းဂျုန်းဆောင့်တဲ့ မြန်မာနိုင်ငံက ဖုန်တထောင်းထောင်း ချိုင့်တွေဗလပွနဲ့ ကားလမ်းအလွမ်း
၁၀။သစ်တောအလွမ်း
လန်ဒန်မှာ တော်ဝင်ဥယျာဉ်တွေ သဘာဝသစ်တောတွေ အပြည့်အ၀ရှိပေမဲ့ တောရိုင်းပန်းနံ့များ သင်းပျံ့ နေတဲ့
ရွာအရှေ့ ဘက် နှစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့ သစ်တောအလွမ်း
Subscribe to:
Post Comments (Atom)
5 comments:
လွမ်းလဲ လွမ်းတတ်ပါ့ဗျာ။
အလွမ်းတွေက ရေးရင် ကုန်မှာကို မဟုတ်ဘူးနော် .. ကဲ အမြန်ဆုံး..
စာဥနဲ့ ၄၃ ကားစီးပြီး ရွှေတိဂုံဘုရားသွား အပြန်ကြရင် မိဘအိမ်ဝင်ပြီး ထမင်းမကျက်ခင် ထမင်းရည်ထဲ နွားနီ နို့မှုန့် ခတ်သောက် ပြီးရင် ကန်စွန်းရွက်ကြော်နဲ့ ထမင်းစား။ ပြီးရင် ကြိမ်ခုံပေါ်ထိုင်ပြီး စူပါကော်ဖီမစ်သောက် အချိန်ရသေးရင် အဝေးပြေးကားစီးပြီး သစ်တောတွေဆီ သွားလည်နိုင်ပါစေ...း)
လွမ်းလည်း လွမ်းတတ်ပါပေ့ဗျာ
ကျွန်တော်လည်း `အလွမ်းကဗျာ´ ဆိုပြီး ရေးဖူးတယ်။
http://hanthitnyeim.isgreat.org/?p=298
အတွေးလေး ကောင်းတယ်ဗျာ။
ထန်းတောကြီးတွေနဲ့ မီးတောက်အရက်ကိုရော သတိမရဘူးလား ..
ုကျနော်ကတော.လက်ဖက်ရည်ချိုဆိမ်.နဲ. ပဲပလာတာကိုလွမ်းတယ် မုံရွာက ;P
Post a Comment