အင်္ဂလန်ရဲ့ ရာသီဥတုအခြေအနေက မြန်မာနှင့်လုံးဝမတူဘူး။ မြန်မာမှာ နွေ မိုး ဆောင်း သုံးရာသီထဲရှိပေမဲ့ အင်္ဂလန်မှာကတော့  ဆောင်းဦး ဆောင်း နွေဦး နွေ ဆိုပြီး လေးရာသီရှိတယ်။
မိုးကတော့ ရာသီတွေ နေ့ရက်တွေ ရွေးလေ့မရှိဘူး။ ရွာချင်တဲ့အချိန်ရွာချလိုက်တာပါဘဲ။
နွေဦးနှင့်နွေရာသီမှာဆို နေ့အချိန်တွေက အကြာကြီးဘဲ။
နံနက် ၄ နာရီလောက်ဆို မိုးလင်းပြီ၊ ပြီးတော့ ည ၁၀ နာရီလောက်မှ နေ၀င်တယ်။
ဆောင်းဦးနှင့် ဆောင်းရာသီမှာတော့ ညအချိန်က ပိုကြာသွားတယ်။
ည ၄ နာရီလောက်ဆို မိုးချုပ်ပြီး နံနက် ရှစ်နာရီလောက်မှ နေထွက်တယ်။
ဒါကြောင့်မို့
အင်္ဂလန်မှာ လအလိုက် ဘယ်အချိန် အရုဏ်တက်သလဲဆိုတာ ကျနော်မသိပါဘူး။
သိရအောင်လဲ အခုထိ ကျနော် မကြိုးစားဖူးသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က ညတိုင်း သန်းခေါင်ကျော်မှ အိပ်ရာဝင်ပြီး မနက် ၈ နာရီလောက်မှ အိပ်ရာကထနေကျ ဖြစ်လို့ပါဘဲ။
ဒါပေမဲ့
ကျနော်က အင်္ဂလန်နိုင်ငံရဲ့  အရုဏ်တက်ချိန်ကိုဘဲ မသိတာပါ။ မြန်မာနိုင်ငံရဲ့  အရုဏ်တက်ချိန်ကိုတော့ ကောင်းကောင်းကြီးသိပါတယ်။ ပညာရှင်ဆရာတော်ဘုရားတွေရေးထားတဲ့ အထဲက ကူးချထားတာကိုးဗျ။ မသိဘဲ ဘယ်နေပါ့မလဲ။
မိတ်ဆွေများလဲ သိရအောင် လင်္ကာလေးနှင့်အတူ မျှဝေပေးလိုက်ပါတယ်။
...............................
မြန်မာနိုင်ငံ နံနက်အရုဏ်တက်ချိန်
၁။တန်ခူး                  ၅း၀၀
၂။ကဆုန်                 ၄း၅၀
၃။နယုန်                   ၄း၄၀
၎။ဝါဆို                     ၄း၃၀
၅။ဝါခေါင်                 ၄း၄၀
၆။တော်သလင်း       ၄း၅၀
၇။သီတင်းကျွတ်       ၅း၀၀
၈။တန်ဆောင်မုန်း    ၅း၁၀
၉။နတ်တော်             ၅း၁၀
၁၀။ပြာသို                 ၅း၃၀
၁၁။တပို့တွဲ               ၅း၂၀
၁၂။တပေါင်း             ၅း၁၀
လင်္ကာ
၁။ကူးပြန်နှင်းထွေး
၂။ဆုန်လေးပေါ်နေ
၃။ယုန်ဝေေ၀ထပ်
၎။ဆိုလတ်စာတော်
၅။ခေါင်လှော်လူထု
၆။လင်းလုမတွေး
၇။ကျွတ်မေးနင်တို့
၈။မုန်းဖို့အော်နေ
၉။တော်မြေကျော်ဌေး
၁၀။ပြာပေးဆန်တောင်း
၁၁။တွဲပေါင်းခေါ်နော်
၁၂။ပေါင်းပျော်အထွက်
အရုဏ်တက်။
မှတ်ချက်။  ။
အ=           ၁
က၀ဂ်=     ၂
စ၀ဂ်=       ၃
ယရလ၀= ၎
ပ၀ဂ်=       ၅
ဋ-တ၀ဂ်= ဝ
ဝန်ခံချက်။
သာသနာ့ရောင်ခြည် အတွဲ ၂၆ အမှတ် ၂ စာစောင်ကို အမီပြုထားပါတယ်။
 
 
No comments:
Post a Comment