Tuesday 11 November 2008

ဖလန်းဒါးစ် လွင်ပြင်မှာ


ဒီအင်္ဂလိပ်ကဗျာလေးကို ကျန်တော် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတာပါ။
အမှတ်တရအောက်မေ့ဖွယ်နေ့ရက် အထိမ်းအမှတ်အဖြစ် ပေါ့ပီပန်းကလေး လူတွေရဲ့ ရင်ဘတ်မှာ နေရာယူခဲ့ကြတဲ့ သမိုင်းကို ဒီကဗျာလေးက စတင်ပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ မိတ်ဆွေများလဲ ခံစားကြည့်ကြပေါ့။ သမိုင်းကြောင်းအပြည့်အစုံသိချင်ရင်တော့ ပေါ့ပီပန်းနှင့်အမှတ်ရဖွယ် ဆောင်းပါးကို ဖတ်ကြည့်စေလိုပါတယ်။

FLANDERS FIELDS
By John McCrae

In Flanders fields poppies blow
Between the crosses, row on row
That mark our place: and in the sky
The larks, bravely still singing, fly
Scarce heard amid the guns below.

We are the dead. Short days ago
We lived, felt dawn, saw sunset glow,
Loved, and were loved, and now we lie
In Flanders fields.

Take up our quarrel with the foe:
To you from failing hands we throw
The torch, be yours to hold it high.
If ye break faith with us who die
WE SHALL NOT SLEEP,
THROUGH POPPIES GROW
IN FLANDERS FIELDS.



ဖလန်းဒါးစ်လွင်ပြင်မှာ
(ဂျွန်မက်ကရေး)

ဖလန်းဒါးစ်လွင်ပြင်မှာ ပေါ့ပီပန်းများ
လေယူရာ လွင့်လို့သွား
လက်ဝါးကပ်တိုင်တွေကြား အစီအရီနေရာယူထား
အဲဒါ ငါတို့ နေရာရဲ့ အမှတ်အသား။

ကောင်းကင်ထက်မှာ မိုးစွေငှက်
ရဲရင့် ပျံသန်း တေးကျူလျက်
သေနတ်သံတွေဖျက် မကြားတစ်ချက်ကြားတစ်ချက်။

ငါတို့သေခဲ့ကြပြီ။
မကြာခင်ရက်များက ငါတို့အသက်ရှင်ခဲ့တယ်။
အရုဏ်နေခြည်ထွေးကို ခံစားခဲ့တယ်။
ညနေဆည်းဆာရောင်နုနုကို ကြည့်ရှုခဲ့ကြတယ်။
ငါတို့ချစ်ခဲ့ကြတယ်။ ငါတို့အချစ်ခံခဲ့ကြတယ်။
ဒါပေမဲ့
အခုတော့ ငါတို့ ဖလန်းဒါးစ် လွင်ပြင်မှာ
ငြိမ်သက်စွာ လဲလျောင်းနေကြရရှာပြီလေ။

ရန်သူကိုဆက်လက်တော်လှန်ကြပါ။
ကျဆုံးပြီးတဲ့ ငါတို့လက်များဆီမှ
မီးရှူးတိုင်များကို မင်းတို့ဆက်လက်သယ်ဆောင်ပြီး
မြင့်မြင့်ကိုင်မြောက်ထားကြပါ။
သေမင်းထံရောက်နေတဲ့ ငါတို့ရဲ့ ယုံကြည်မှုကို
လျစ်လျစ်ရှုကြမယ်ဆိုရင်
ဖလန်းဒါးစ်လွင်ပြင်က ပေါ့ပီပန်းပင်တွေကြား
ငါတို့ ဘယ်တော့မှ အိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး။ ။

No comments: