Wednesday 29 March 2017

"စားဖက်"

ရှေးထုံးစကား
မှန်ကိုးကား၍
အစားအစာ
တွဲဖက်ရာကို
ရသာကောင်းရေး
ဖော်ထုတ်ပေးမည်
မနှေးစင်စစ်
မှတ်ယူရစ်လော့။
ဥသျှစ်နှင့်ပျား
စားမမှားနဲ့
စားမှားမိလျှင်
ထပ်စားချင်။
ကျွဲကောနှင့်ငါးပိ
လူမသိစေနဲ့
လူသိသွားလျှင်
ငတ်ဖို့ပြင်။
လက်ဖက်နှင့်ကော်ဖီ
ရောမမှီနဲ့
မှီဝဲမိလျှင်
စွဲမည်ပင်။
စားဝင်အိပ်ပျော်
ဖြစ်လိုသော်ကား
တွဲဖော်ဓာတ်ချင်း
မှန်မှန်သွင်းပါ။
မင်းကောသလ
လက်မှိုင်ချ၍
ကာလနဂါး
ရှုံးနိမ့်သွားမည်
မှတ်သား၍သာ
ထားကြပါလော့။

(၉ ဇန်ဝါရီ ၂၀၁၇)

No comments: