Wednesday 29 March 2017

ဖဘအသိ ဖဘသတိ


မျက်လုံးက မှုန်
လက်က တုန်၍
ခေါင်းအုံကိုက်ခဲ
လည်ဆစ်လွဲမှ
သုံးစွဲခြင်းကို ရပ်မည်လား။
.
ဆီးချုပ်ဝမ်းချုပ်
အင်အားယုတ်၍
ငုတ်တုတ်မေ့မြော
ကိစ္စချောမှ
လေပေါခြင်းကို ရပ်မည်လား။
.
မိတ်စစ်ရှားပါး
မိတ်တုများ၍
ဟိုသွားတူပျော်
အရှက်ပေါ်မှ
မွေ့လျော်ခြင်းကို ရပ်မည်လား။
.
လေပေါ်တိုက်ပွဲ
ဆင်ခါနွှဲ၍
မှောင်ထဲကြိတ်ငို
အကြောက်ပိုမှ
သုံးလိုခြင်းကို ရပ်မည်လား။
.
ဟိုစီးသည်ပွါး
မက်လုံးထွား၍
ငွေအားရင်းရ
မွဲပြာကျမှ
တမ်းတခြင်းကို ရပ်မည်လား။
.
ဖဘစာလျှင်
အဟုတ်ထင်၍
ပြစ်မြင်စာပေ
ညစ်ပတ်လေမှ
တွေဝေခြင်းကို ရပ်မည်လား။
.
အော်...
သူလဲမကင်း
ငါမကင်း၍
အတင်းဆိုမှု
ငါမပြုအံ့
အတုကိုပယ်
အစစ်တွယ်ပြီး
အလွယ်မလိုက်
လွယ်မကြိုက်ဘဲ
စိုက်စိုက်ခါသာ
ကြိုးစားရာသည်
ရပ်ရွာအပေါင်း ဖဘရောင်းတို့။
.
သူကြီးမင်း ( 14 Aug 2016)

No comments: