Saturday 31 January 2009

Usage of English 23 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၃)

ဒီတစ်ခါတော့ Some(of) နှင့် Any(of) ကို ဖော်ပြပေးပါ့မယ်။
Much(of) နှင့် Many(of) အပါအ၀င်ပေါ့။

Some နှင့် Any ကို ဗဟုဝုစ်ကိန်းနှင့်ရေတွက်မရနာမ်များမှာ သုံးတယ်လို့ လွယ်လွယ်လေးမှတ်ထားလိုက်ရင် ပိုအဆင်ပြေပါမယ်။။
Some ကို ရိုးရိုးဝါကျမှာ သုံးပြီး any ကို အမေးဝါကျနှင့်အငြင်းဝါကျတွေမှာ သုံးလေ့ရှိပါတယ်။

Much နှင့် Many ကို အရေအတွက်နှင့်ပမာဏတွေကို ဖော်ပြတဲ့အခါမှာ သုံးပါတယ်။
Much ကို ရေတွက်မရနာမ်နှင့်သုံးပြီး Many ကို ဗဟုဝုစ်နာမ်များနှင့်သုံးပါတယ်။

(ယေဘုယျအားဖြင့်ပြောတာပါ။ ချို့ ယွင်းချက်တွေကတော့ ရှိပါတယ်။ ရှုပ်တတ်လွန်းလို့ မဖော်ပြတော့ပါဘူး။
Martin Hewings ရဲ့  Advanced Grammar in Use စာအုပ် စာမျက်နှာ ၁၂၆ ယူနစ် ၆၃ က စပြီး အသေးစိပ်ကြည့်နိုင်ပါတယ်။)

.......................


Some
I made some fresh coffee and handed a cup to Adam.
ကျနော် ကော်ဖီသန့်သန့်အနည်းငယ်ဖျော်လိုက်ပြီး တစ်ခွက်ကို အဒန်ကို ပေးလိုက်တယ်။


Some of
Some of my jewellery is missing.
ကျနော့်ရတနာတွေထဲက တစ်ချို့ ပျောက်ဆုံးနေတယ်။


Any
Don't pay any attention to what she says.
သူမပြောတာကို ဂရုစိုက်နေစရာမလိုပါဘူး။


Any of
Have you seen any of these new light bulbs in the shop yet?
ဒီအသစ်မီးသီးလုံးတွေထဲကအချို့ ကို ဆိုင်မှာ မြင်မိသလား။


Much
She did the job, but without much enthusiasm.
သူမအလုပ်လုပ်တယ်။ ဒါပေမဲ့ စိတ်အများကြီးမ၀င်စားဘူး။


Much of
Snow is now covering much of the country.
နိုင်ငံရဲ့  အမြားအပြားကို နှင်းတွေဖုံးလွှမ်းထားတယ်။


Many
Many talented young Scientists are moving to Austrillia.
လူတော်သိပ္ပံပညာရှင်လေးတွေအများအပြား သြစတေးလျကို ပြောင်းရွှေ့ ကြတယ်။


Many of
She gave many of her best paintings to her friends.
သူမရဲ့ အကောင်းဆုံးပန်းချီကားတွေထဲက အများအပြားကို သူမရဲ့ သူငယ်ချင်းတွေကိုပေးတယ်။

Friday 30 January 2009

Usage of English 22 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၂)

အင်္ဂလိပ်စာအသုံးအနှုန်း ၂၁ မှာ little နှင့် few တို့ကို တင်ဆက်ခဲ့ပါတယ်။ မရှင်းမလင်းဖြစ်မှာ စိုးတဲ့အတွက် ပိုမိုရှင်းလင်းတဲ့ Martin Hewings ရဲ့  Advanced Grammar in Use ထဲက စာမျက်နှာ ၁၃၆ ယူနစ် ၆၈ က ဇယားကွက်ကလေးထဲက အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

တစ်ခုကို ပုံစံနှစ်မျိုးစီထုတ်ပြပေးထားပါတယ်။
..............


A few (of)
+plural countable nouns

I have got a few close friends that I meet regularly. (Positive)
ငါ့မှာ ငါပုံမှန်တွေ့နေကျ သူငယ်ချင်းနဲနဲရှိတယ်။

A few of her songs were popular and she was very well known. (Positive)
သူမရဲ့  သီချင်းတွေထဲက အနည်းငယ်ဟာ ထင်ရှားတယ်။ ဒါ့ကြောင့် သူမ ကျော်ကြားလာတယ်။


Few (of)
+plural countable nouns

He has few close friends and often feels lonely. (Negative)
သူ့မှာ သူငယ်ချင်းနဲနဲလေးဘဲ ရှိတယ်။ ဒါကြောင့် မကြာခဏ အထီးကျန်သလို ခံစားရတယ်။

Few of her songs were very popular and eventually she gave up her musical career. (Negative)
သူမသီချင်းတွေထဲက နဲနဲဆိုရုံလေး လူတွေသိတယ်။ နောက်ဆုံးတော့လဲ သူမရဲ့  တေးဂီတအလုပ်ကို စွန့်လွတ်လိုက်ရတယ်။


A little (of) + uncountable nouns

I have to go now, I have a little work to do. (Positive)
အခု ငါသွားရမယ်။ ငါလုပ်စရာ အလုပ်နဲနဲရှိသေးတယ်။

We had a little money left, so we went out for a meal. (Positive)
ငါတို့ ပိုက်ဆံနဲနဲကျန်သေးတယ်။ ဒါ့ကြောင့်အစားအစာအတွက် အပြင်ထွက်ကြတယ်။


Little (of) + uncountable nouns

There was little work to do, so I didn't earn much money. (Negative)
အလုပ်ရှိတယ်ဆိုရုံလေးဘဲရှိတယ်။ ဒါ့ကြောင့် ငါ ပိုက်ဆံအများကြီး မရဘူး။

We decided to abandon our trip as we had little money left. (Negative)
ပိုက်ဆံ နဲနဲလေးဘဲ ကျန်တော့တဲ့အတွက် ခရီးစဉ်ကို စွန့်လွတ်ဖို့ ငါတို့ဆုံးဖြတ်ခဲ့ကြတယ်။

Thursday 29 January 2009

မင်းလေးသာ ငါ့ရဲ့  ဖူးစာရှင်

ကမ္ဘာ့ဈေးကွက်
ချွေးထွက်လောက်တဲ့ ခေတ်ကာလထဲ
အသစ်မှာမရတဲ့ မြှားတွေအတွက်
ဈေးကစားမှု ချားရဟတ်အောက်
မြှားနတ်မောင်တစ်ယောက် အခက်တွေ့နေပြီ။


ဒါပေမဲ့.. ဒါပေမဲ့
မြှားရှိသေးသရွေ့ တော့
အားတွေရှိနေသေးတယ်
အားတွေရှိနေသေးသရွေ့ 
မြှားမကုန်စေရဘူး
မြှားတွေ အားတွေပေါင်းစပ်
ပစ်မှတ်ကောင်းရွေးဖို့တော့ လိုတာပေါ့။


ဖူးစာရှင်ရွေးဖို့
ဦးရာ မြင်ရာကို ပစ်မလား
လျပ်စစ်ပါဝါ ဂက်စ်ပါမကျန်
အမှန်ချွေတာရမဲ့ ခေတ်ကြီးထဲ
အလွဲအမှား အထပ်ထပ်ဖြစ်အောင်
မြှားနတ်မောင် မမိုက်မဲပါဘူး။


မြှားတစ်ချောင်းတန်ဖိုး
ထမင်းတစ်အိုး အထက်ရောက်
ရိက္ခာခြောက်တွေစုပြီး ထားသို
အားတွေလိုနေတဲ့ ဒီအချိန်မှာ
မြှားနတ်မောင်လဲ....
မြှားတွေ ချွေတာနေရပြီ။


မုဆိုးစစ်တို့ရဲ့ ကျင့်ထုံး
တအုံးအုံးဝင်ရောက်ဖြတ်သန်း
ပစ်မှတ်အောက်ဝင်ရောက်လာတဲ့သားကောင်တိုင်း
ဒိုင်းကနဲ ခလုပ်နှိပ်ပြီး
ဘိုင်းကနဲ လဲကျစေမှာ မဟုတ်ဘူး။


တောလိုက်မုဆိုးတို့ရဲ့ နည်းနာနိဿျ
ဘ၀အတွက်အတုယူ
အခု...မြှားနတ်မောင် မပူတော့ပြီ။


မြှားတစ်ချောင်းထုတ်ပြီး လေးညှို့ တင်
လေးမြို့ ရှင် အလှပဂေးနှင့်
ထာဝရမဝေးရအောင် ဝေးဝေးကနေ ပစ်မှတ်ယူ
အတူနေရဖို့အရေး မြှာလေးတစ်ချောင်း
ဖြောင်းကနဲ ပစ်လွတ်လိုက်ပြီ။


မြှားတစ်ချောင်းရင်မှာစိုက်
အသဲခိုက်အောင် နာကျင်သွားသလား
ကြင်နာမှုစကားတွေနဲ့ ချွေးသိပ်ပေးမယ်
ဆွေးစိတ်တွေ ရင်မှာ မထားပါနဲ့တော့
တွေးထိတ်စရာတွေ ကိုယ် မဖန်တီးပါဘူး
ဟိုး... အဝေးအတိတ်ဆီက ကြေကွဲမှုတွေကို
ဝေ ခွဲ မျှယူပေးမယ်လေ။


အလွဲတွေ မယူဘူးဆိုရင်
မခွဲအတူနေဖို့ အစဉ်
မင်းလေးသာ ငါ့ရဲ့  အမြဲဖူးစာရှင်။





Wednesday 28 January 2009

ထီးဖိနပ်နှင့်လေ့ကျင့်ပါ

ဆူးတွေပြည့်နှက်နေတဲ့လမ်း
ခပ်ကြမ်းကြမ်းခြေချ
သီလဖိနပ်ထူထူတစ်ရံလိုတယ်။

အပူတွေဆူဝေနေတဲ့ သူရိယနေမင်း
ခပ်ပြင်းပြင်း ပူလောင်ခြွေမွ
ဒါနထီးတစ်ချောင်း ကောင်းကောင်းလိုတယ်။

လေထန်လှိုင်းကြီး သမုဒ္ဒရာခရီး
တဟီးဟီးအော်မြည် ၀ဲတွေကယစ်မူး
ရေကူးဘာဝနာ အခါခါလေ့ကျင့်ဖို့လိုတယ်။

သီလဖိနပ်စီး ဒါနထီးဆောင်း
ရေကူးကျောင်းတက် ဘာဝနာဖက်က
တစ်သက်သံသရာ ဘယ်မှာကြာလိမ့်
အနာဂတ မုဟုတ္တမှာ
နိဗ္ဗာနဓါတ် အအေးမြတ်ကို
တပ်အပ်ရောက်မည်မလွဲတည်း။


Tuesday 27 January 2009

ရင်ခုန်သံနှင့်အပြိုင်

မီးစိမ်းတစ်ချက်အပြမှာ
ဘ၀အစ အာဒိကမ္မိကအနေနဲ့
ဇာတိကို အထာမသိဘဲ
အသာရရှိခဲ့တယ်။

ဇရာရထာစီးပြီး
ဤခရီးနီးသလား မေးစရာမလို
ဟိုဟို ဒီဒီ မညီညာတဲ့လမ်းပေါ်
ရွက်ဖွင့်ပြီး လှော်ခတ်ခဲ့ကြတယ်။

ဗျာဓိအ၀တ်အစား ခပ်နွမ်းနွမ်းကို ၀တ်ရုံပြီး
ခပ်ကြမ်းကြမ်း ခရီးလမ်းကို
ပင်ပန်းမှု မီးခိုးတန်းတွေနဲ့
စီတန်းပြီး ချီတက်ခဲ့ကြတယ်။

ဇာတိ ဇရာ ဗျာဓိတွေကို
အရသာ ရှိရှိစားသုံးရင်း
ခရီးဆုံးကိုရောက် မရဏနောက်လိုက်ဖို့
ခရီးတစ်ထောက် ရောက်လာခဲ့ပြီ။

နားခိုရာ မရဏထီးနန်းအ၀င်ဝမှာ
စီးဖြန်းစရာ ကမ္မဋ္ဌာန်းတွေမကျင့်ခဲ့ရင်
ဘယ်လမ်းဘယ်စခန်းကို သွားရလိမ့်
တွေး တစ်သိမ့်သိမ့်တုန်ပေမဲ့
ဆွေးတစ်ငြိမ့်ငြိမ့် တဏှာဓါတ်အစုံစုံကြောင့်
ဘ၀ဇာတ်ခုံပေါ်မှာ ခုံမင်စွာ
ငါတို့.....ရင်ခုန်နေကြဆဲ။



Monday 26 January 2009

ငွေအိမ်စံသူလေး

ရွှေအိမ်စံသူလေးမို့
လမှာရေးတဲ့ ယုန်ရုပ်လို
ဟန်ပိုပို မာန်ချိုလေရော့သလား။

အမှန်ကို အမှန်ဆိုတတ်သူမို့
အနံကို အလျားမလုပ်တတ်ပါဘူး
သူသိသွားရင် ရန်ပွါးမှာကြောက်လို့။

ငွေအိမ်စံတဲ့လား
ရွှေရည်စိမ်အချစ်များ နှစ်မြုပ်
မိုးကုတ်စက်ဝိုင်းအောက်မှာ
တစ်ယောက်သာ တစ်ဘ၀မှာ ရှိမြဲမို့
သူကလွဲလျှင် အလွဲတွေချည်းထင်
သူသာလျှင် သူဖြစ်မြဲမို့
သူကွဲလျှင် နောက်တစ်ယောက် မတွဲတော့ပါဘူး။

ရွှေအိမ်စံဘဝ
ရေတိမ်မှာ နှစ်မှာစိုး
တိုးတိုးတိတ်တိတ် ရိုးတိုးရိပ်တိတ် ထိုးထွက်
သူ့အတွက် အလိမ်မခံတော့ပါဘူး
ငါက ငွေအိမ်စံလေ။

ငွေအိမ်စံ ငွေအိမ်စံ
မိုးတိမ်ယံထက် မြင့်မား
ထင်ရှားခဲ့တဲ့ ရွှေအိမ်စံလေး
ဟိုး.. ဝေေ၀း အတိတ်မှာ ကျန်ခဲ့ပြီ။

ဆွေး...ဆွေးစိတ်တွေ ရင်မှာ မထားတော့ပါဘူး
ကြေး...ကြေး(တံဆိပ်) အိမ်စံဘ၀ရောက်မှာစိုး
ပြေး...ပြေးစိတ်တွေနဲ့
တွေး...တွေးထိတ်ရင်ဖိုလွန်းလို့။

တို...တိုလွန်းလှတဲ့ဘ၀မှာ
ပို...ပို မဆန်းတော့ပါဘူး
ပျို...ပျိုလွမ်းရမှာကြောက်လို့တဲ့။

Sunday 25 January 2009

အလိုလို


အလိုရှိတာတွေ
အလိုမပြည့်တဲ့လောကကြီးမှာ
အလိုရှိတာတွေ အလိုပြည့်ဖို့အတွက်
အလိုမပြည့်ခြင်းကို အလိုရှိခဲ့ရ
အလိုပြည့်ခြင်းကို အလိုမရှိခဲ့ရ။

အလိုမရှိတာကို အလိုမပြည့်ဖို့
အလိုရှိတာတွေ လိုအပ်နေဆဲမှာ
အလိုရှိတာတွေကို အလိုမရှိခဲ့ရ
အလိုမရှိတာတွေကို အလိုရှိခဲ့ရ။

အလိုမပြည့်တာကို အလိုမရှိပေမဲ့
အလိုပြည့်တာကို အလိုရှိတဲ့အတွက်
အလိုရှိတာတွေ အလိုပြည့်အောင်
အလိုလို ဆုတောင်းနေမိခဲ့။ ။

အလိုမပြည့်တာကို အကျင့်ရလာပြီမို့
အလိုမပြည့်ခြင်းမှာ အလိုကျဖြစ်လာခဲ့ပြီ
အလိုကျစွာ အလိုမကျခြင်းအပေါ်
အလိုလို ခင်တွယ်နေဆဲ။


မှတ်ချက်။
အလိုမတူခြင်း မလိုမတူခြင်း ကဗျာလေးကို အနည်းငယ်မှီငြမ်းထားပါတယ်။ ။


ဝါ၀ါမြင်တိုင်း

ပိတောက်ကလဲ ၀ါ
ငုကလဲ ၀ါ
ရွှေကလဲ ၀ါ
လိမ္မော်ကလဲ ၀ါ။

ဝါ၀ါမြင်တိုင်း မင်းလေးကို တမ်းတ
ဝါ၀ါတွေ့တိုင်း မင်းလေးကို လွမ်းရ
ဝါ၀ါကြုံတိုင်း မင်းလေးကို မှန်းဆ
ငါ့ဘ၀မှာ ၀ါဝါရောဂါတွေ ဖြစ်နေပြီ။

ပန်းရောင် အစိမ်းဖျော့ရောင်
ကြက်သွေးရောင် ကြိုက်တဲ့ ကျနော်
မင်းလေးကို တွေ့ပြီးကတည်းက
အ၀ါရောင်လေးကို တမ်းတတတ်နေပြီ။

ကျောက်စိမ်း ပတ္တမြား စိန်
နီလာ ပုလဲ
အသဲစွဲအောင် ချစ်တတ်တဲ့ကျနော်
မင်းလေးကို မြင်ပြီးကတည်းက
ရွှေရတနာလေးကို မြတ်နိုးတတ်လာပြီ။

စိမ်းလန်း ဥယျာဉ်
မြက်ခင်းပြင်
သစ်ပင် သစ်ရွက် တောအုပ် တောင်တန်း
အစိမ်းရောင်လွမ်းနေတာကို
အမြဲတမ်း ကြည်နူးတတ်တဲ့ ကျနော်
မင်းလေးနှင့်ဆုံပြီးကတည်းက
ရော်ရင့်ရွက်ဝါလေးတွေကို ချစ်တတ်နေပြီ။

ကပုချီနို အက်စ်ပရက်ဆို
နက်စ် အိုဗာတင်း ဟောလစ်
တောဖြစ် လဘက်ရည် ချို ဆိမ့်
ကျဆိမ့် ချိုပေါ့ ပေါ့ဆိမ့်
သိမ့်သိမ့်တုန်အောင် ကြိုက်ခဲ့တဲ့ ကျနော်
မင်းလေးရဲ့  အင်အားတွေကြောင့်
ထင်ရှားစွာ (ခပ်ဝါ၀ါ)ရေနွေးကြမ်းကို ကြိုက်ခဲ့လေပြီ။

အကြိုက်တွေ ဟောင်းပေမဲ့လဲ
အသိုက်ကိုတော့ (ဘယ်တော့မှ) မပြောင်းပါဘူး
(မင်းလေးကသာ ချစ်မယ်ဆိုရင်)
နောင်ဘ၀ထိ လိုက်ပေါင်းမဲ့သူပါ။





ခင်တစ်ယောက်သာ

ချစ်ခဲ့ဖူးသူမို့
အချစ်ဦးကို အချစ်ထူးလေရော့ထင့်
အချစ်ရူးကျနော့်မှာ
အချစ်ဦးမရှိခဲ့သူမို့
အချစ်နွံထဲ မူးမေ့နေခဲ့ပြီ။

ကြင်နာသူရေ ကြင်နာပေးပါလှဲ့ 
ရင်နာစရာ စကားတွေ
တမင်တကာ လာပြီး မပြောပါနဲ့တော့
အကြင်နာ မေတ္တာအပြည့်နဲ့ ဒီက ချစ်နေတာပါ။

အမုန်းနှင့်အပြုံးရောစပ်
အရှုံးတွေပေး ထပ်မနှိပ်စက်ပါဘူး
ကြတ္တိကာ နက္ခတ်ယှဉ်ပြီးရင်
ကပ်ကမ္ဘာမှာ တူနှစ်ကိုကြင်ရဖို့အရေး
တွေးတွေးပျော်ရသူပါ။

မင်းလေးရဲ့  အကြည့်တစ်ချက်
ကို တစ်သက်မမေ့တော့ပါဘူး
အတွေ့တွေထူး ဓလေ့တွေမြူးရင်
နေ့တွေကူးပြီး နှစ်တွေကိုရောက်တောင်
အချစ်တွေပိုပိုထူးတဲ့ မေတ္တာတွေနဲ့
သစ္စာမဖောက်တမ်း ချစ်မဲ့သူပါ။

တစ်ပင်ကို တစ်ပင်ယှက်
ကြင်ဖက်ကို ကြင်ဖော်အဖြစ်
လင်တော်မောင် ဒီတစ်ယောက်ဖြစ်ခွင့်ကြုံရရင်ဖြင့်
ဒီဘုံဘ၀ ဒီဋ္ဌာနမှာ
ဗုဒ္ဓဘုရား ပွင့်ထွန်းမပေါ်ရင်တောင်
ဒီမောင်တစ်ယောက်ထံပါး
အကုသိုလ်တွေ ရှောင်ရှားကြမှာပါ။

အကုသိုလ်တွေ ပျောက်
ကုသိုလ်တွေ ရောက်ရင်
တစ်ယောက်ကို တစ်ယောက်
ပိတောက်ဆို ပိတောက်ရယ်ပါ
တစ်ယောက်အပိုမရှာပါဘူး
ရင်ဖိုစရာ ခင်တစ်ယောက်သာရှိသားမို့။






Saturday 24 January 2009

လိုလို

အချစ်စစ်တွေနဲ့ နှိပ်စက်
သိပ်ခက်နေလိုလို။

အချစ်တုတွေနဲ့ ပြုံးပြ
မုန်းမရတော့မလိုလို။

အလွမ်းဓါတ်တွေ လှစ်ပြ
ချစ်ရတော့မလိုလို။

အကြမ်းဇာတ်တွေ ကပြ
ထ ချ ရတော့မလိုလို။

ဝေဒနာတွေ ကြေငြာ
အဖြေရှာရ မလိုလို။

စေတနာတွေ ရေလာ
သေချာတော့မလိုလို။

မျက်ရည်အတုတွေ ချွေပြ
သေရတော့မလိုလို။

အပြုံးတုတွေ ရွာချ
ငါရတော့မလိုလို။


မှတ်ချက်။
ရေးစရာတွေ ခေါင်းထဲ မပေါ်လာလို့ လက်ချောင်းကျရာ ရေးလိုက်ခြင်းဘဲဖြစ်၏။

Friday 23 January 2009

Usage of English 21 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၁)


ဒီတစ်ခါတော့ Little နှင့် Few အကြောင်းလေးတွေကို ရေးလိုက်ပါတယ်။ ခပ်ရှုပ်ရှုပ်ဘဲ။ မှားတဲ့နေရာတွေ့ရင်လဲ အကြံကောင်းဥာဏ်ကောင်းလေးတွေ လိုချင်ပါတယ်။


အတူတူလေ့လာကြည့်ကြရအောင်လား။

.........................


Little

****

small in size or amount (adjective) = သေးငယ်သော
A little old man came into the shop.

လူအိုကလေး ဆိုင်ထဲ ၀င်လာခဲ့တယ်။


He gave a little smile.

သူနဲနဲလေး ပြုံးပြတယ်။


a small amount (pronoun, noun)= အနည်းငယ်
I could only hear a little of what they were saying.

သူတို့ပြောနေတာကို နဲနဲဘဲ ငါကြားရတယ်။


He does as little as possible at work.

သူ အလုပ်မှာ ဖြစ်နိုင်သလောက် နဲနဲဘဲလုပ်တယ်။



a small amount of something (determiner)= နဲနဲလေး
This sauce needs a little salt.

ဒီအချဉ်ရည်ဟာ ဆားနဲနဲလိုတယ်။


Can I give you a little advice?

အကြံနဲနဲပေးလို့ရမလား။



slightly(adverb)= အနည်းငယ်လေး
I was little bit worried by what she said.

သူမအပြောက ငါ့ကို နဲနဲစိုးရိမ်စိတ်ဖြစ်စေတယ်။


We'll wait a little longer and then I'll phone them.

ငါတို့ နဲနဲကြာကြာစောင့်ကြမယ်။ ပြီးရင် သူတို့ကို ငါ ဖုန်းဆက်မယ်။



young (adjective)= ငယ်ရွယ်သော
When you were little your hair was really curly.

မင်း ငယ်ငယ်တုန်းက မင်းဆံပင်ဟာ တကယ့်ကို ကောက်တယ်။


She was my little (= younger) sister and I looked after her.

သူမဟာ ငါ့ညီမဘဲ။ ပြီးတော့ သူမကို ငါစောင့်ရှောက်ခဲ့တယ်။



not much or enough(determiner)= မလုံလောက်
There seems little hope of a ceasefire.

အပစ်အခတ်ရပ်စဲဖို့ကတော့ မျှော်လင့်ချက်မရှိပါဘူး။


They have very little money.

သူတို့ ငွေလုံလုံလောက်လောက် မရှိကြဘူး။



not much or enough(pronoun, noun)= မလုံလောက်
We did very little on sunday.

တနင်္ဂနွေနေ့မှာ ကျနော်တို့ အလုပ်မလုပ်သလောက်ပါဘဲ။


Unfortunately, little of the artist's work has survived.

ကံမကောင်းစွာဘဲ အနုပညာအလုပ်က (ပန်းချီအလုပ်က) မရှင်သန်တော့သလောက်ဖြစ်နေပြီ။

The government has done little or nothing to help the poorest people in this country.

ဒီနိုင်ငံအစိုးရက ဆင်းရဲသားပြည်သူတွေအတွက် ဘာအကူအညီမှ မပေးဘူး။


not much or enough(adverb)= မလုံလောက်

She ate very little at dinner.

သူမ ညနေစာကို စားတယ်ဆိုရုံဘဲ။



Little did he know what lay in store for him.

သူ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ သူမသိရှာဘူး။



used to emphasize (adjective) = လေးနက်စေလိုတဲ့အခါသုံး
That was a nice little suit she was wearing.

သူမ၀တ်ထားတာ အတော်ကောင်းတဲ့ ၀တ်စုံလေးဘဲ။

He's a nasty little man.

သူဟာ လူဆိုးလေးဘဲ။



not very important or serious (adjective)= အရေးသိပ်မကြီးသော
I had a little problem with my car, but it's been fixed now.

ငါ့ကားမှာ ပြဿနာနဲနဲရှိခဲ့တယ်။ ဒါပေမဲ့ အခု ပြင်ပြီးပါပြီ။


Can I have a little word with you?

ကျနော် နဲနဲပြောလို့ ရမလားဘဲ။



Few

****

some, or a small number of something

(determiner, pronoun)= အချို့ ၊ အနည်းငယ်
I need to get a few things in town.

မြို့ ထဲမှာ လိုအပ်တဲ့ပစ္စည်းအနည်းငယ် ရှိတယ်။


There are a few cakes left over from the party.

ပါတီပွဲအပြီး ကိတ်မုန့်အချို့ ကျန်ရစ်တယ်။


"How many potatoes do you want?" "Oh, just a few, please."

အာလူး ဘယ်လောက်လိုချင်လဲ။ အို့… နဲနဲဘဲ ပေးပါ။



'quite a few' or 'a good few' =အများအပြားကိုဖော်ပြချင်တဲ့အခါ
I know quite a few people who've had the same problem.

ပြဿနာတူတဲ့ လူတွေ အတော်များများ ကျနော်တွေ့ဖူးတယ်။


Lots of people at the club are under twenty, but there are a good few who aren't.

ကလပ်အသင်းထဲက လူအများစုဟာ အသက် ၂၀ အောက်တွေဖြစ်ကြတယ်။ ဒါပေမဲ့ အသက် ၂၀ အောက်မဟုတ်တဲ့ ကောင်းတဲ့သူတွေလဲ ရှိသေးတယ်။



a small number, not many or not enough

(determiner, pronoun, noun, adjective)= အချို့ ၊ အများကြီးမဟုတ်
It was embarrassing how few people attended the party.

ဒီလောက် လူနဲနဲလေးတက်တဲ့ ပါတီပွဲဟာ ရှက်စရာကောင်းတယ်။


He is among the few people I can trust.

သူဟာ လူတစ်ချို့ ထဲက ငါယုံကြည်နိုင်တဲ့သူဘဲ။


Very few people can afford to pay those prices.

လူအနည်းငယ်ဘဲ ဒီတန်ဖိုးကို ပေးနိုင်ကြတယ်။



မှတ်ချက်။ ။

A little နှင့် A few သည် Positive သဘောကို ဆောင်သည်။

Little နှင့် Few သည် Negative သဘောကို ဆောင်သည်။

Little, A little သည် ရေတွက်မရ နာမ်ဖြစ်သည်။

Few, A few သည် ရေတွက်ရ နာမ်ဖြစ်သည်။

သို့သော် Little သည် အငယ်ကို ရည်ရွယ်ရင် ရေတွက်ရနာမ်ဖြစ်သွား၏။

ဥပမာ။ A little man = လူကလေး(သေးသေးလေး) တစ်ယောက်




Thursday 22 January 2009

Usage of English 20 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၀)


ဒီတစ်ခါတော့
Bit, Far, Quite, Rather
ဆိုတဲ့ စကားလေးလုံးရဲ့  အသုံးအနှုန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်ချက်တွေ ရှိနေရင် ကျနော့် အားနည်းချက်သက်သက်ပါ။

အမှားကို ပြင်ပေးရင် ကျေးဇူးတကယ်တင်ပါတယ်။


Bit

********

a small piece or amount of something (noun)= (အနည်းငယ်) အရေအတွက်၊ ပမာဏ
There were bits of paper all over the floor.
ကြမ်းပြင်ပေါ်မှာ စာရွက်တွေရှိနေခဲ့တယ်။

She tries to do a bit of exercise every day.
သူမ နေ့တိုင်း လေ့ကျင့်ခန်း နဲနဲလုပ်ဖို့ ကြိုးစားတယ်။


a short period of time= အချိန်အနည်းငယ်
I'm just going out for a bit. See you later.
ငါ အပြင်ခဏသွားမလို့၊ နောက်မှတွေ့မယ်။

a slight amount or type of something= အနည်းငယ်၊ အမျိုးအစား
Wah Wah's put on a bit of weight, hasn't she?
ဝါ၀ါဟာ ၀ိတ်နဲနဲတက်လာတယ်။ မဟုတ်ဘူးလား။

He's a bit of a prat.
သူဟာ မိုက်မဲတဲ့သူမျိုးဘဲ။



Far
***
in distance (adverb)= အကွာအဝေး
How far is it from Australia to New Zealand?
သြစတြေးလျကနေ နယူးဇီးလန်အထိ ဘယ်လောက်ဝေးလဲ။

One day, perhaps far in/into the future, you'll regret what you've done.
တစ်နေ့မှာ မကြာခင်အနာဂါတ်ကာလလောက်မှာ မင်းလုပ်ပြီးတဲ့ဟာကို မင်းနောင်တရလိမ့်မယ်။


very much (adverb)= အလွန်
This car is far better than our old one.
ဒီကားက ငါတို့ကားဟောင်းထက် ပိုကောင်းတယ်။

He loses his temper far too often.
သူဟာ အရမ်းကို မကြာခဏ စိတ်တိုတတ်တယ်။


distant (adjective)= အကွာအဝေး
The station isn't far- we could easily walk it.
ဘူတာရုံက မဝေးပါဘူး၊ ငါတို့ လွယ်လွယ်လေး လမ်းလျောက်သွားနိုင်တယ်။


Quite
******
a little or a lot but not completely (adverb)= အတော်လေး
I'm quite tired but I can certainly walk a little further.
ငါ အတော်လေး မောသွားတယ်၊ ဒါပေမဲ့ ငါ နဲနဲ ထပ်လျောက်နိုင်ပါသေးတယ်။

He's quite attractive but not what I'd call gorgeous.
သူဟာ အတော်လေး ဆွဲဆောင်မှုကောင်းတယ်။ ဒါပေမဲ့ အရမ်းလှတယ်လို့ ငါမဆိုလိုဘူးနော်။


completely (adverb)= တကယ့်ကို၊ လုံးဝ
The two situations are quite different.
ဒီဘူတာနှစ်ခုဟာ လုံးဝခြားနားတယ်။

Are you quite sure you want to go?
မင်းသွားချင်တာ တကယ်သေချာလား။


uncertainty= မသေချာမှုမှာသုံး
I don't quite know what to say.
ငါ ဘာပြောရမယ်ဆိုတာ တကယ်မသိဘူး။

I didn't quite catch what he said.
သူဘာပြောခဲ့လဲဆိုတာ ငါတကယ်နားမရှင်းခဲ့ဘူး။


agreement with someone's opinion= သဘောတူကြောင်းပြတဲ့အခါသုံး
"You'd think he could spare some money - he's not exactly poor." "Quite."
သူငွေသုံးနိုင်တယ်လို့ဘဲ မင်းမှတ်ထားပါ။ သူဟာ တကယ်မဆင်းရဲပါဘူး။ ဟုတ်တယ်ဟုတ်။


emphasis= လေးနက်စေလိုတဲ့အခါသုံး
It was quite the worst dinner I have ever had.
ငါစားဖူးသမျှတော့ ဒီညနေစာဟာ တကယ့်အဆိုးဆုံးဘဲ။


a lot= အများအပြား
She's got quite a bit of money.
သူမမှာ ငွေအများကြီးရှိတယ်။


Rather
********
quite; to a slight degree (adverb)= အတော်လေး
It's rather cold today, isn't it?
ဒီနေ့အတော်လေး (အအေးမကြိုက်တဲ့လေသံ)အေးတယ်နော်။ ဟုတ်တယ်မဟုတ်လား။

That's rather a difficult book - here's an easier one for you.
အဲဒီစာအုပ်က နဲနဲခက်တယ်။ ဒီမှာ မင်းအတွက် ပိုလွယ်မဲ့ စာအုပ်။

She answered the telephone rather sleepily.
သူမ တယ်လီဖုန်းကို အတော်လေးအိပ်ချင်မူးတူးနဲ့ ဖြေလိုက်တယ်။


very; to a large degree (adverb)= အလွန်
Actually, I did rather well in my exams.
တကယ်ဆိုရင် ငါတကယ့်ကို ကောင်းကောင်းမွန်မွန် စာမေးပွဲကို ဖြေဆိုနိုင်ခဲ့တယ်။

I've got rather a lot of work to do at the moment.
ဒီအချိန်မှာ ငါ အတော်လေး အလုပ်ရှုပ်နေတယ်။


more accurately; more exactly (adverb) = ပိုပြီးတိတိကျကျ
She'll go to London on Thursday, or rather, she will if she has to.
ကြာသပတေးနေ့မှာ သူမ လန်ဒန်ကို သွားလိမ့်မယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ သူမ သွားဖို့ရှိရင် သွားကို သွားမှာပါ။

He's my sister's friend really, rather than mine.
သူဟာ ငါ့နှမရဲ့  မိတ်ဆွေပါ။ ငါ့မိတ်ဆွေမဟုတ်ပါဘူး။


an opposite opinion= ဆန့်ကျင်ဘက်ကို ဖော်ပြတဲ့အခါသုံး
No, I'm not tired. Rather the opposite in fact.
မဟုတ်ဘူး။ ငါ မမောဘူး။ အမှန်ဆို ဆန့်ကျင်ဘက်သက်သက်ဘဲ။


preference to; instead of (adverb) = ---အစား
I think I'd like to stay at home this evening rather than go out.
ဒီညနေမှာ အပြင်သွားရမှာထက် အိမ်မှာ နေရတာကို ကျနော်ပိုကြိုက်တယ်။


certainly; yes= အားရပါးရ အံ့သြသံဖြင့် Yes လို့ ပြောတဲ့အခါသုံး
"Do you want to come out for dinner with us this evening?" "Rather!"
ဒီညနေ ညနေစာကို ငါတို့နှင့်အတူ အပြင်ထွက်စားချင်စိတ်ရှိလား။ ဟာ… စားမှာပေါ့။


Rather you than me= အခြားတစ်ယောက်လုပ်နေတာကို မကြိုက်ကြောင်းဖော်ပြတဲ့အခါသုံး
"I've got to have two teeth out next week." "Rather you than me."
လာမဲ့အပတ်မှာ ငါ သွားနှစ်ချောင်းနှုတ်ဖို့ရှိတယ်။ ငါကတော့ မကြိုက်ဘူး။

Wednesday 21 January 2009

Usage of English 19 (အင်္ဂလိပ်စာ အသုံးအနှုန်း ၁၉)


ဒီတစ်ခါ အင်္ဂလိပ်စာပေတွေမှာ အသုံးအလွန်များတဲ့ သိနေကျ စကားလုံးလေးတွေကို ရေးစမ်းကြည့်ပါ့မယ်။ လက်လှမ်းမီသလောက် ရှာဖွေထားတာပါ။ အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သိနေပေမဲ့လဲ အသုံးမတတ်ရင် ကားရှိပြီး ကားမမောင်းတတ်သလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် မြည်းစမ်းကြည့်စေချင်ပါတယ်။

ပထမဆုံး Just ဆိုတဲ့ စကားလုံးလေး။ လွယ်တယ်။ ဒါပေမဲ့ ခက်တယ်။


လေ့လာကြည့်ကြရအောင်လား။

...................


Just

**************


now, very soon, or very recently (adverb)= အခု၊ မကြာခင်လေး၊ မကြာသေးခင်က

*********

"Where are you, Ko Ko Mg?" "I'm just coming."

ကိုကိုမောင် ဘယ်မှာလဲ၊ အခု ငါလာနေပြီ


I'll just finish this, and then we can go.

မကြာခင် ဒါပြီးတော့မယ်။ အဲဒီနောက် ငါတို့ သွားနိုင်ကြပြီ။


It's just after ten (o'clock).

အခု ဆယ်နာရီထိုးပြီးခါစဘဲ ရှိသေးတယ်။



exactly or equally (adverb)= အတိအကျ၊ အညီအမျှ

*******

This carpet would be just right for the dining room.

ဒီကော်ဇောက ထမင်းစားခန်းနှင့်ကွက်တိဘဲ။


The twins look just like each other.

ဒီအမွှာက တစ်ယောက်နှင့်တစ်ယောက် တူတယ်။



only; simply (adverb)= မျှသာ၊ ရိုးရိုးရှင်းရှင်း

********
"Would you like another drink?" "OK, just one more."

နောက်ထပ်သောက်စရာယူဦးမလား။

ကောင်းပါပြီ။ တစ်ခုဘဲထပ်ပေးပါ။


It was just a joke.

ဒါက ရိုးရှင်းလှတဲ့ ပြက်လုံးလေးတစ်ခုပါဘဲ။



used to make a statement or order stronger=

ဖော်ပြချက်ကိုပြုလုပ်ချင်တဲ့အခါ (သို့) ပိုပြီးခိုင်မာစေချင်တဲ့အခါ

*********

He just won't do as he's told.

သူဟာ ပြောတဲ့အတိုင်း လုပ်မဲ့လူစားမျိုး မလုပ်ဘူး။


It's just too expensive.

အဲဒါ အရမ်းဈေးကြီးတာဘဲ။



used to reduce the force of a statement and to suggest that it is not very important

ဖော်ပြချက်ကို နဲနဲ ပေါ့ပေါ့ပြောချင်တဲ့အခါ (သို့) အရေးသိပ်မကြီးကြောင်းအကြံပေးချင်တဲ့အခါ

**************

Can I just borrow the scissors for a second?

ကပ်ကေးလေး ခဏငှားပေးပါလား။


I just wanted to ask you if you're free this afternoon.

ဒီနေ့ နေ့လည်ခင်း အားလားလို့ မင်းကို မေးချင်ရုံလေးပါဘဲ။



almost not or almost (adverb)= မဖြစ်ခင်လေး၊ ဖြစ်ခါနီးလေး

**********

We arrived at the airport just in time to catch the plane.

ငါတို့ လေဆိပ်ကို လေယာဉ်မီရုံလေးဘဲ ကပ်ရောက်လာတယ်။

I've just about finished painting the living room.

ကျနော် ဒီလူနေခန်းကို ဆေးသုတ်လို့ ပြီးခါနီးလေးဘဲ။


be just possible= ဖြစ်နိုင်ဖို့အခွင့်အလမ်း နဲနဲရှိတဲ့အခါ

*******

It's just possible that we might be going away that weekend.

ဒီအပတ်အားလပ်ရက်မှာ ငါတို့ အပြင်ထွက်ဖို့ ဖြစ်နိုင်ချေရှိတယ်။



very; completely (adverb)= အလွန်၊ ပြည့်ပြည့်စုံစုံ

*********

It's just dreadful what happened to her.

သူမဖြစ်ပျက်ခဲ့တာဟာ အရမ်းကိုဆိုးဝါးလွန်းတယ်။



fair; morally correct (adjective)= မျှတသော၊ စာရိတ္တပိုင်းအရ မှန်ကန်သော

*************

The judge's sentence was perfectly just in the circumstances.

တရားသူကြီးရဲ့  ပြစ်ဒဏ်စီမံချက်ဟာ ဒီအခြေအနေမှာ လုံးဝတရားမျှတပါတယ်။


I don't really think he had just cause to complain.

တိုင်တန်းဖို့(အပြစ်တင်ဖို့) သူ့မှာ စာရိတ္တပိုင်းအရမှန်ကန်တဲ့ အကြောင်းရင်း ရှိတယ်လို့ ကျနော် မထင်ဘူး။




Tuesday 20 January 2009

မေတ္တာပန်းတွေ ပွင့်ပါစေ



ဗိုလ်ရှုသဘင် ဆင်ယင်ကျင်းပ
ဟို.. အတိတ်က သမိုင်းစာမျက်နှာမှာ
မြန်မာအချင်းချင်း ရိုင်းပင်းကူညီ
တူညီတဲ့ စိတ်ဓါတ်တွေနဲ့။

တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
အသက်ကို ဖက်နှင့်ထုပ်
မိုးချုပ်နေထွက်
တိုင်းပြည်အတွက် အသက်ကိုစတေးလို့။

အောင်ပွဲရ စစ်သည်တွေကို
အောင် ကြွေးကြော်သံတွေလှိုင်ပြီး
အောင်မြင်စွာ အပြန်လမ်းမှာ
အောင်သပြေပန်းတွေနဲ့
လက်ကမ်းလို့ ကြိုနေကြလေရဲ့ ။

ဗိုလ်ရှုသဘင်ကို တမ်းတ
မှန်းဆလို့ တောင်းဆုပြုတုန်း
အုန်းအုန်းကျက်ကျက် အသံထွက်
ဘာအတွက်လဲ မေးကြည့်တော့
ဟိုးလေးတကျော်သတင်း
စကြာဝတေးမင်းပေါ်လို့တဲ့။

အင်းကောင်းတစ်ကွက်
ဆေးကောင်းတစ်စက်
ဂါထာကောင်းတစ်ချက်
ဘယ်အချက် ဘယ်အကွက်
ဘယ်အစက်နဲ့ ညှိလေသလဲမသိ။

ဒီနေ့ဒီရက်
ဘလက်လူမျိုးတစ်ယောက်တော့
အစဉ်အလာကိုဖောက်ပြီး
၄၄ ယောက်မြောက် အမေရိကားမှာ
ထူးခြားစွာ သမတဖြစ်သွားပြီ
နာမအမည်ကတော့ ဘာရက် အိုဘားမား

ထင်ပေါ်လို့ စင်တော်ကကောက်
သူတစ်ယောက်ရဲ့  သီအိုရီက
တူညီမေတ္တာတွေ ပက်ဖျန်း
ငြိမ်းချမ်းရေးမဏ္ဍိုင်ကို အခြေပြု
ရာစုနှစ်အသစ်ကို စတင်မယ်တဲ့။

ကောင်းလိုက်တဲ့ သစ္စာ သန္နိဋ္ဌာန်
အဓိဋ္ဌာန်ကာ ကျနော်လဲ ဆုတောင်း
ဘေးဘယာတွေ ဝေးစေကြောင်း
ဆွေးကမ္ဘာတွေ အေးစေကြောင်း
အေးမေတ္တာတွေ မွှေးစေကြောင်း။

Monday 19 January 2009

မှန်တာ မမှန်တာ ရှင်းလင်းချက်

ကဗျာဖတ်သူအားလုံးကို အားနာပါတယ်။
မှန်တာ မမှန်တာ ဆိုတဲ့ကဗျာလေးက ရိုးရိုးလေးပါ။
အဆန်းတကျယ်ရေးထားတာမဟုတ်ပါဘူး။
ကဗျာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက်အောင် ရေးမပြနိုင်တာ ကျနော့် လိုအပ်ချက်တွေပါ။
လိုအပ်ချက်တွေကို ထောက်ပြကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

ကျနော်ဆိုလိုတာက ဒီလိုပါ။

လူတစ်ယောက်ရဲ့  သွေးခုန်နှုန်းဟာ တစ်မိနစ်မှာ အကြိမ် ၆၀ နှင့် ၇၀ ကြားမှာ ရှိတယ်မဟုတ်လား။
(မှတ်ချက်။ ကျနော် ဒေါက်တာတစ်ယောက်မဟုတ်ပါဘူး။ ကြားဖူးနားဝနဲ့ ရေးလိုက်ရတာပါ)
ဥပမာ။
လူတစ်ယောက်မှာ သွေးခုန်နှုန်း တစ်မိနစ်ကို အကြိမ် ၆၅ ကြိမ်ရှိတယ်ဆိုကြပါစို့။

အဲဒီသွေးခုန်နှုန်းဟာ တစ်မိနစ်တိုင်းမှာ ၆၅ ကြိမ် ခုန်နေတယ်ဆိုရင် မှန်နေတာတွေ မှန်နေတယ် လို့ ခေါ်လို့ရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ အသက်အန္တရာယ်အတွက်လဲ စိုးရိမ်စရာမလိုသလို ကံတွေကလဲ အလွန်ကောင်းနေတယ်လို့ ဆိုလို့ရပါတယ်။

သွေးခုန်နှုန်းဟာ တစ်ခါတစ်လေ တစ်မိနစ်မှာ ၆၅ ကြိမ်ဖြစ်လိုက် တစ်ခါတစ်ရံ တစ်မိနစ်မှာ
၅၀ ဖြစ်လိုက်ဆိုရင် မှန်တာတွေ မမှန်တော့ဘူးလို့ ပြောလို့ရပါတယ်။ အဲဒီအခါမျိုးမှာဆိုရင် စိတ်ပိုင်းအခြေအနေအရရော ရုပ်ပိုင်းအခြေအနေအရရော သတိထားရမဲ့အခြေအနေပါ။ ရောဂါတစ်ခုခုရတာ သေချာနေပါပြီ။

အဲဒီသွေးခုန်နှုန်းဟာ တစ်မိနစ်တိုင်းမှာ အကြိမ် ၅၀ ချည်းဖြစ်နေတယ်ဆိုရင် အဲဒီအခိုက်အတန့်ကို မှားနေတာတွေ မှန်နေတယ် လို့ ပြောလို့ရပါတယ်။ ဟုတ်တယ်လေ။ အမှန်အားဖြင့် တစ်မိနစ်ကို ၆၅ ကြိမ် သွေးခုန်ရမှာ မဟုတ်လား။ အခုတော့ တစ်မိနစ်ကို အကြိမ် ၅၀ ဘဲ ခုန်နေတယ်ဆိုတော့ မှားကုန်ပြီပေါ့။ ဒါပေမဲ့ တစ်မိနစ်တိုင်း အကြိမ် ၅၀ ခုန်နေတယ်ဆိုတော့ အမှားတွေ မှန်နေတယ်ပေါ့ဗျာ။ ဒီလိုဖြစ်နေရင် သိပ်စိုးရိမ်စရာ မလိုသေးပါဘူး။ မှားနေတယ်ဆိုပေမဲ့ မှန်နေတာကိုး။

အဲ.... နောက်ဆုံး ပထမတစ်မိနစ်မှာ အကြိမ် ၅၀ ခုန်တယ်။ ဒုတိယတစ်မိနစ်မှာ အကြိမ် ၄၀ ခုန်တယ်။ တတိယတစ်မိနစ်မှာ အကြိမ် ၆၀ ခုန်တယ်။
တစ်မိနစ်မှာ ၆၅ ကြိမ်ခုန်ရမဲ့ကိစ္စကို ၅၀ဖြစ်လိုက် ၄၀ဖြစ်လိုက် ၆၀ဖြစ်လိုက်ဆိုတော့ အမှားတွေ မှားနေပြီပေါ့ဗျာ။
အဲဒီလို အမှားတွေ မှားနေပြီဆိုရင်တော့ ဒဏ်ရာအရမ်းပြင်းနေပါပြီ။ သတိထားပြီး နေရုံပါဘဲ။ နေ့လား။ ညလား။ ဘယ်တော့ လူ့ပြည်ကို ထာဝရခွဲခွါရမလဲဆိုတာကို စောင့်နေရုံပါဘဲ။ သွေးလေ ဖောက်ပြန်နေပြီလေ။
................

အဲဒီလို အထက်က သီအိုရီတွေကို အခြေခံပြီး မှန်တာ မမှန်တာ ဆိုတဲ့ ကဗျာလေးကို မွေးထုတ်ပေးလိုက်ခြင်းရယ်ပါ။
ဘာကိုမှ လေးလေးနက်နက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

ဒါပေမဲ့
မှန်တာ မမှန်တာဆိုတဲ့ စကားတွေကို ဘယ်နေရာမှာမဆို အစားထိုးပြီး ကိုယ်ကြိုက်သလို အဓိပ္ပါယ်ကောက်ယူနိုင်တာမျိုးတွေရှိမှာပါ။

ဥပမာအားဖြင့် ကန်တော့ပါရဲ့ ။
တစ်ရက်ကို အိမ်သာ နှစ်ခါသွားတဲ့သူတစ်ယောက်ရှိတယ်ဆိုကြပါစို့။
အဲဒီလူဟာ တစ်ရက်တစ်ရက်မှာ အိမ်သာ နှစ်ခါသွားတယ်ဆိုရင် မှန်တာတွေ မှန်နေတယ်လို့ ပြောလို့ရတယ်။
ဒါပေမဲ့ တစ်ရက်မှာနှစ်ခါ နောက်တစ်ရက်မှာ သုံးခါ စသဖြင့် သွားနေရင် မှန်တာတွေ မှားနေတယ်လို့ ပြောရင် မမှားပါဘူး။
တစ်ရက်တိုင်းမှာ သုံးခါ သွားနေတယ်ဆိုရင် မှားတာတွေ မှန်နေတယ်လို့ ဆိုရင်မမှားပါဘူး။
အဲ.. ပထမတစ်ရက်မှာ သုံးခါသွားတယ်။ ဒုတိယတစ်ရက်မှာ လေးခါသွားတယ်။ တတိယတစ်ရက်မှာ တစ်ခါသွားတယ်။ အဲဒီလို ဖြစ်နေရင် မှားတာတွေ မှားနေပြီလို့ပြောရင် ရပါပြီ။
..............

မိတ်ဆွေများကြိုက်သလို အကျယ်ချဲ့စဉ်းစား ဥာဏ်ကွန့်လို့ပါတယ်။
ကဗျာဥာဏ် ရှိသရွေ့ပေါ့လေ။ ယူသော်ရ၏ဆိုတဲ့ စကားအတိုင်းဘဲပေါ့။

လိုအပ်ချက်တွေကို ထောက်ပြခဲ့ကြတဲ့ အမွန်နှင့်ရောင်စုံတို့ကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
နောက်လဲ မရှင်းမလင်းဖြစ်ရင် ချက်ချင်းထောက်ပြဖို့ တောင်းဆိုပါတယ် ခင်ဗျာ။
လှိုက်လှဲစွာ ကြိုဆိုလျက်ပါဘဲ။

Sunday 18 January 2009

မှန်တာ မမှန်တာ

မှန်တာ မမှန်တာကို
ဟန်ပါပါ ဝေဖန်ပြရရင်.....

မှန်တာတွေ
မှန်နေသေးသရွေ့ တော့
ကံတွေ ဥာဏ်တွေ အမှန်ကောင်းကြပေါ့။

မှန်တာတွေ
မမှန်တော့ဘူးဆိုရင်
ဒဏ်ရာတွေနဲ့ စိတ်အစဉ်။

မမှန်တာတွေ
မှန်နေသေးရင်လဲ
ကံအတော်ကောင်းသေးမြဲ။

မမှန်တာတွေ
မမှန်တော့ဘူးရင်တော့
ဒဏ်ရာတွေနဲ့ တူတူပုန်းတမ်းကစား
နေ့လား ညလား
သတိထား။

Saturday 17 January 2009

မင်းလေးကိုချစ်လို့

မင်းလေးရဲ့ အချစ်တွေဟာ
ပူလောင်လှတဲ့ ငရဲမီးဖြစ်ပါစေ
ကိုယ် ကျေနပ်စွာ လောင်ကျွမ်းခံမယ်။

မင်းလေးရဲ့  အပြုံးတွေဟာ
အနှုတ်ဒီဂရီရေခဲရေတွေဖြစ်ပါစေ
ကိုယ် ပြုံးပျော်စွာ အေးခဲခံမယ်။

မင်းလေးရဲ့  စကားသံချိုချိုဟာ
ပြင်းထန်တဲ့ အဆိပ်ဖြစ်ပါစေ
ကိုယ် ပျော်ရွှင်စွာ အဆိပ်သင့်ခံမယ်။

မင်းလေးရဲ့ ရယ်မောသံဟာ
အနုမြူစွမ်းအင်ဖြစ်ပါစေ
ကိုယ် ရဲဝင့်စွာ အစိတ်စိတ် ပေါက်ကွဲခံမယ်။

မင်းလေးရဲ့ အပြောအဆိုဟာ
ပြင်းထန်တဲ့လေမုန်တိုင်းဖြစ်ပါစေ
ကိုယ် ၀မ်းမြောက်စွာကမ္ဘာ့အပြင်ဖက်လွင့်ပြမယ်။

မင်းလေးရဲ့  သံယောဇဉ်ဟာ
သမုဒ္ဒရာရေလှိုင်းထူထူကြီးဖြစ်ပါစေ
ကိုယ် မြတ်နိုးစွာ အနစ်မြုပ်ခံမယ်။

မင်းလေးရဲ့  မေတ္တာတွေဟာ
တစ်ရစ်ရစ် လှိမ့်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါစေ။
ကိုယ် နှစ်သက်စွာ အကြိတ်ခံပါ့မယ်။

အဲဒါ
မင်းလေးကို ချစ်လို့။

Friday 16 January 2009

သံယောဇဉ်မီး

မမြင်ရပေမဲ့
ထာဝရရစ်ပတ်တဲ့ ရူပ
ရှုမ၀။

နားထောင်မရပေမဲ့
ကြားယောင်အောက်မေ့လှတဲ့ သဒ္ဒ
ဆွေးမြမြ။

နမ်းမရပေမဲ့
ခပ်ကြမ်းကြမ်း ဂန္ဓ
စူးရှရှ။

စားသောက်မရပေမဲ့
အများကြောက်ရတဲ့ ရသ
ရှတတ။

ကိုင်မရပေမဲ့
ထိုင်ငိုင်ရလောက်တဲ့ ဖောဋ္ဌဗ္ဗ
လွမ်းတသ။

ဓမ္မတာသဘောက
မနောတံခါးကိုလာခေါက်
တဒေါက်ဒေါက်မြည်ဟီး
အဲဒါ သံယောဇဉ်မီး။

Thursday 15 January 2009

ချစ်သူ

ချစ်သူစိတ်ကောက်တဲ့အခါ
သောက်နေကျကော်ဖီခါးခါးပြတ်တောက်နေတာထက်
ပိုပြီးခံတွင်းပျက်စေတယ်။

ချစ်သူအဆင်မပြေကြောင်းကြားရတဲ့အခါ
ငရဲကြီးရှစ်ထပ် အလည်အပတ်သွားရတာထက်
ပိုပူလောင်တယ်။

ချစ်သူငိုကြွေးတဲ့အခါ
ပျားအကောင်တစ်သောင်းလောက် အတုပ်ခံရတာထက်
ပိုခံစားရတယ်။

ချစ်သူ မရှိတဲ့အခါ
အနှုတ်ဒီဂရီ ၁၀ အောက်မှာ
ဝတ်နေကျ အနွေးထည် ပျောက်သွားတာထက်
ပို နေရခက်တယ်။

ချစ်သူပြုံးပျော်အဆင်ပြေနေတဲ့အခါ
ယူရိုမီလျံ ဂျက်ပေါ့တ် (EuroMillions Jackpot) ပေါက်တာထက်
ပိုပျော်ရွှင်ရသူပါ။


မှတ်ချက်။
EuroMillions Jackpot= အင်္ဂလန်နိုင်ငံရဲ့  အမြင့်ဆုံးထီဆု။
တစ်ခါတစ်ရံ တစ်ပတ်မှာ တစ်ယောက်မှ မပေါက်တဲ့အခါတိုင်း Rollover စနစ်အရ ထပ်ထပ်တိုးပြီး ပေါင် သန်း ၉၀ ကျော်အထိ ရောက်တယ်။

Wednesday 14 January 2009

Usage of English 18 (အင်္ဂလိပ်စာအသုံးအနှုန်း ၁၈)


လွယ်တာတွေလဲ ကြာလာရင်

ခက်လာတတ်တယ်။

အထူးသဖြင့်

လွယ်တာတွေ များသွားတဲ့အခါမှာပေါ့။


လွယ်တာလေးတွေကို မြည်းကြည့်လိုက်ကြရအောင်။

..............................


Make use of = အသုံးချသည်

We could make better use of our resources.

ငါတို့အရင်းမြစ်တွေကို ကောင်းကောင်းအသုံးချရမယ်။



Lend an ear= နားထောင်သည်။

Please lend an ear carefully to her story.

ကျေးဇူးပြပြီး သူမပုံပြောတာကို သေသေချာချာနားထောင်ပါ။



Commit to memory= အာဂုံဆောင်သည်။

You have to commit these three verses to memory.

မင်း ဒီ(ပါဠိ)ဂါထာသုံးပုဒ်ကို အာဂုံကျက်ရမယ်။



Wide range of/ full range of = ကျယ်ကျယ်ပြန့်ပြန့်

The hotel offers a wide range of facilities.

ဒီဟိုတယ်က (၀န်ဆောင်မှု)အသုံးအဆောင်ကို ကျယ်ကျယ်ပြန့်ပြန့် ပေးတယ်။



Get on = ကောင်းမွန်စွာဆက်ဆံသည်

He doesn't get on with his daughter.

သူဟာ သူ့သမီးနှင့် ကောင်းကောင်းဆက်ဆံလို့မရသေးဘူး။



Cope with= စီမံဖြေရှင်းသည်

He wasn’t able to cope with the stresses and strains of the job.

သူဟာ အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုဒဏ်ကို မဖြေရှင်းနိုင်သေးဘူး။



Confront with/by= ရင်ဆိုင်တွေ့ကြုံသည်

I thought I would remain calm, but when I was confronted with/by the TV camera, I became very nervous.

ကျနော်ဟာ အတော်တည်ငြိမ်တဲ့သူလို့ထင်ထားတာ။ ဒါပေမဲ့ တီဗီကင်မရာနဲ့ကြုံတွေ့တဲ့အခါမှာ တုန်လှုပ်မိတယ်။



By all means = ခွင့်တောင်းတဲ့အခါသုံး

"May I borrow this book?" "By all means."

ဒီစာအုပ်ကလေး ငှားပါရစေလားခင်မျာ။



By no means = လုံးဝ

It is by no means certain that we'll finish the project by June.

ဒီစီမံကိန်း ဇွန်လမှာပြီးမယ်ဆိုတာ လုံးဝ မကျိန်းသေဘူး။



Badly off = ပိုက်ဆံယုတ်လျော့လာသော(ဆင်းရဲလာသော)

They're not badly-off but they don't have much money to spare.

သူတို့ မဆင်းရဲပါဘူး။ ဒါပေမဲ့ သုံးဖို့ ငွေအများကြီး မရှိဘူး။



Better off= ပိုက်ဆံပိုရှိလာသော (ချမ်းသာလာသော)

Families will be better off under the new law.

မိသားစုတွေဟာ ဥပဒေအသစ်အောက်မှာ ချမ်းသာလာကြလိမ့်တယ်။



In connection with= ပတ်သက်ပြီး

A man has been arrested in connection with the murder of the teenager.

လူတစ်ယောက်ကို ဆယ်ကျော်သက်ကလေးကို လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးပြီးပြီ။



Tuesday 13 January 2009

Usage of English 17 (အင်္ဂလိပ်စာအသုံးအနှုန်း ၁၇)

ပျော်တတ်ရင်
သိပြီးသားတွေ ထပ်လေ့လာရတာလဲ
ပျော်စရာတစ်မျိုးပါဘဲ။
.......................................


Good at
=ကျွမ်းကျင်သော
She's very good at Geography.
သူမဟာ ပထ၀ီဘာသာမှာ အရမ်းတော်တယ်။

Fascinated by =အရမ်းစိတ်ဝင်စားစေသော
They were absolutely fascinated by the game.
သူတို့ ဒီကစားပွဲကို အရမ်းစိတ်ဝင်စားကြတယ်။

Different from/ to/ than= ကွဲပြားသော
Emiko is very/completely/entirely different from her sister.
အီမီကိုဟာ သူ့နှမနဲ့ လုံးလုံး ခြားနားတယ်။

Enthusiastic about = အံ့သြဘနန်းစိတ်ဝင်စားသော
You don't seem very enthusiastic about the party - don't you want to go tonight?
မင်း ပါတီပွဲကို စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီည မသွားချင်ဘူးလား။

Frightened of =ကြောက်လန့်သော
I was frightened of a sudden louder voice.
ကျနော် ရုတ်တရက် အသံကျယ်ကြီးကို ကြောက်တယ်။

Important to = အရေးကြီးသော
I think his career is more important to him than I am.
သူ့အနေနဲ့ သူ့အလုပ်ဟာ ငါ့ထက် ပိုပြီး အရေးကြီးတယ်လို့ ငါထင်တယ်။

Distracted by =စိတ်မငြိမ်သော
Naomi is rather distracted by worrying coming exam.
နာအိုမီဟာ လာမဲ့ စာမေးပွဲအတွက် စိုးရိမ်ရင်း စိတ်မငြိမ်ဖြစ်နေတယ်။

In terms of =.. အားဖြင့်
In terms of money, I was better off in my last job.
ငွေအားဖြင့် ကျနော့် နောက်ဆုံးအလုပ်ဟာ ငွေပိုဝင်တယ်။

In respect of /with respect to = ပတ်သက်၍
I am writing an article in respect of Buddhism.
ကျနော် ဗုဒ္ဓဘာသာနှင့်ပတ်သက်တဲ့ ဆောင်းပါးရေးနေတယ်။

In/by virtue of = အစွမ်းအားဖြင့်
She succeeded by virtue of her tenacity rather than her talent.
တော်လို့ထက် ကြိုးစားလွန်းတဲ့အစွမ်းနဲ့ သူမ အောင်မြင်လာတာပါ။

By means of = (အကူအညီ)အစွမ်းအားဖြင့်
The load was lifted by means of crane.
ကုန်စည်စလယ်ကို ကရိန်းအကူအညီနဲ့ မယူတယ်။

Monday 12 January 2009

Usage of English 16 (အင်္ဂလိပ်စာအသုံးအနှုန်း ၁၆)

အလွယ်လေးတွေဆိုပေမဲ့ တစ်ခါတစ်ရံ မသုံးတတ်ဘဲ ဖြစ်နေတတ်ပါတယ်။

လွယ်သယောက်နဲ့ခက်တတ်ပါတယ်။

ပေါ့ပေါ့ပါးပါးလေး လုပ်ကြည့်လိုက်ရအောင်။

........................


Polite to=ယဉ်ကျေးသော

I'm afraid I wasn't very polite to her.

သူမအပေါ် မယဉ်ကျေးသလိုဖြစ်သွားမှာ စိုးရိမ်တယ်ဗျာ။


Kind of=ကြင်နာသော

It was really kind of you to help me.

မင်း ငါ့ကို ကူညီပေးဖို့ ကြင်နာတတ်တာဘဲ။


Happy with/about ပျော်ရွှင်သော

Are you happy about/with your new working arrangements?

မင်းရဲ့ အလုပ်အသစ်ပုံစံပေါ် မင်းပျော်ရွှင်ကျေနပ်တယ်မဟုတ်လား။


Responsible for= တာဝန်ရှိသော

U Ba is directly responsible for the efficient running of the office.

ဦးဘဟာ ဒီအလုပ်ရုံးကို လုံလုံလောက်လောက် လည်ပတ်နိုင်ဖို့ အဓိက တာဝန်ရှိသူဖြစ်တယ်။


Shocked at= တုန်လှုပ်အံ့သြသော

U Hla was shocked at the news of U Mya’s death.

ဦးမြရဲ့ နာရေးသတင်းက ဦးလှကို တုန်လှုပ်စေတယ်။


Surprised at= အံ့သြသင့်စေသော

We were very surprised at the result.

ဒီအဖြေကို ကျနော်တို့ အရမ်းအံ့သြမိတယ်။


Wrong with= မှားယွင်းသော

Something's wrong with the television - the picture's gone fuzzy.

တီဗီမှာ တစ်ခုခု မှားနေပြီ။ ပုံတွေက မပြတ်သားတော့ဘူး။


Typical of= စံနမူနာဖြစ်သော

This sort of hot and spicy food is very typical of the food in the south of the country.

ပူလောင်စူးရှတဲ့ ဒီအစားအစာတွေဟာ နိုင်ငံတောင်ပိုင်းရဲ့  စံနမူဟာ အစားအစာတွေပါဘဲ။


Keen on= စိတ်အားထက်သန်သော

She's keen on (playing) tennis.

သူမဟာ တင်းနစ်ကစားဖို့ စိတ်အားထက်သန်တယ်။


Nervous about= ကတုန်ကယင်ဖြစ်သော

I was very nervous about driving again after the accident.

ယဉ်တိုက်မှုဖြစ်ပြီးနောက် ပြန်ကားမောင်းရမှာကို မ၀ံ့မရဲ ဖြစ်နေမိတယ်။