Wednesday 29 March 2017

ခေါက်

တံခါးခေါက်သံ
ဆူဆူညံလည်း
နိုးရန်မေ့လျှက်
လွန်အိပ်စက်တည်း။
တံခါးချိုးသံ
ဗလောင်းဆံလည်း
ခိုက်ရန်ဖြစ်မြဲ
ကိုယ့်အိမ်ထဲတည်း။
တံခါးဖျက်သံ
မိုးသို့ညံလည်း
စားမာန်ဇွတ်တင်း
ကိုယ့်ချင်းချင်းတည်း။
ခေါက်ချိုးဖျက်ဆီး
အိမ်ပျက်စီးမှ
ငိုကြီးချက်မ
မိုက်နောင်တဖြင့်
သောက မိုးစွေ
ရွာ မလေလင့်။

(၂၉  မတ်လ ၂၀၁၇)

No comments: