Wednesday 29 March 2017

လွမ်းဝေေ၀

လရောင်မှိတ်မှိတ်
လူခြေတိတ်၌
မှောင်ရိပ်ခိုကာ
ဝင်ရောက်လာသည်
ငယ်ခါတုန်းက အလွမ်းတွေ။
ရွာလွမ်းအိမ်လွမ်း
မိဘလွမ်းနှင့်
လွမ်းဖွယ့်ညီကို
ပျိုပျိုအိုတို့
ဟိုသည်ထွက်ခွါ
ရေကြည်ရှာသည်
ဘယ်ခါတုန်းမှ လွမ်းမပြေ။
တောရပ်ဌာနီ
မြို့စီရီနှင့်
တစ်ပြည်ရွက်လွှင့်
ဘ၀မြှင့်၍
တော်သင့်နေရာ
နေရရှာသည်
ကြိမ်ခါအမျှ လွမ်းအခြေ။ 
အော်...
ငယ်ရွယ်လတ်ရင့်
ဘ၀ဆင့်၍
နိမ့်မြင့်နေရာ
သတ်မှတ်ပါလည်း
ချိန်ခါပြည့်ငြား
လာလမ်းသွားမည်
တရားတွေနှင့် လွမ်းဝေေ၀။

(၂၂ မတ်လ ၂၀၁၇)

No comments: