Tuesday 26 November 2019

ပဲ့ပါးသွားတဲ့ ကဗျာ


ကဗျာ့စာသား
လှချင်ရဲ့သားနဲ့။

ဒီလောကကို ငဲ့ငဲ့ပြီး
ကဗျာလေး ပဲ့ပဲ့သွားတာ။

ဒီဘ၀ကို ငဲ့ငဲ့ပြီး
ကဗျာလေး ပဲ့ပဲ့သွားတာ။

ဒီဝါဒကို ငဲ့ငဲ့ပြီး
ကဗျာလေး ပဲ့ပဲ့သွားတာ။

ကဗျာကို သစ္စာမဖောက်
သစ္စာရေ သောက်ကြစတမ်းဆို
ခုတော့
ခပ်လှမ်းလှမ်းမှာပဲ နေနေမိဦးမှာ။