Wednesday 29 March 2017

နံနက်စာ)


တောင်တောင်အီအီ
ညီစီစီဖြင့်
ဟိုဒီစဉ်းစား
အထိုင်များ၍
ရေကားမသောက်
နှုတ်ခမ်းခြောက်သည်
ကြောက်ကြောက်တွေးလို့ နေသတည်း။
.
နံနက်ချိန်ခါ
ဗိုက်ကဆာ၍
ဟကာပါးစပ်
လွတ်အမှတ်ဖြင့်
စားလတ်ခေါက်ဆွဲ
နှုတ်ခမ်းပြဲသည်
ရဲရဲသွေးတို့ နီသတည်း။


(၂၉ သြဂုတ်လ ၂၀၁၆)

No comments: