Wednesday 29 March 2017

အဘွားအို

မကြာစဉ်ဆက်
မြင်မြင်မက်တဲ့
အိပ်မက်ထဲက အဘွားအို။
အသားအရေ
တွန့်လိမ်ကြေလဲ
တွေဝေကင်းတဲ့ အဘွားအို။
လောက ဒဏ်ချက်
ဖိနှိပ်စက်လဲ
မပျက်ပြုံးတဲ့ အဘွားအို။
သံစုံတီးပွဲ
ဝင်ဆင်နွဲတဲ့
ဇွဲကောင်းလှတဲ့ အဘွားအို။
ရောင်စုံပိတ်ကား
ရွာသားများနှင့်
သွားသွားကြည့်တဲ့ အဘွားအို။
အို..
အဘွားအို.....။
သက္ကရာဇ်ဖြို
အသက်အိုလည်း
မအိုစိတ်ဓာတ်
ကိုယ်ဖျတ်လတ်၍
အတတ်ပညာ
ကရုဏာနှင့်
မေတ္တာကြီးမား
ရင်ဝယ်ထားသည့်
အဘွားရည်မှန်း
အောင်နိုင်မြန်းစေ
အောင်ပန်းတွေလဲ ဝေပါစေ။
 (၄ ဇန်န၀ါရီ ၂၀၁၇)

No comments: