Wednesday 29 March 2017

ချစ်မဆုံး


ကျောင်းဆရာ ဆရာမတွေရဲ့ 
ပီတိတွေကို ခံစားကြည့်လို့ရတယ်
သူတို့တပည့်တွေ
အဆင့်မြင့်မြင့် ရောက်သွားတဲ့အခါ။
.
ဆရာဝန် ဆရာဝန်မတွေရဲ့
ပီတိတွေကို ခံစားကြည့်လို့ရတယ်
သူတို့လူနာတွေ
ရောဂါပျောက်ကင်းသွားတဲ့အခါ။
.
ချဉ်ပေါင်ပင်လေးတွေ
ရှင်သန်ကြီးထွားလာအောင်
မသွေ့မခြောက်မနွမ်း မသေသွားအောင်
ပြုစုစောင့်ရှောက်ရင်း
အခုလို
ထူထူထောင်ထောင်လေးတွေမြင်ရတော့
ဝမ်းသာလို့ကို မဆုံးတော့ဘူး။
.
ဒါတောင် သူကြီးက
ကိုယ်တိုင် ခူးစားဖို့ စိုက်တာ။
.
ကျောင်းဆရာ ဆရာမတွေလို
ဆရာဝန် ဆရာဝန်မတွေလို
ရလိုမှု စားလိုမှု
မျှော်မှန်းချက် ကင်းကင်းနဲ့
ပြုစုစောင့်ရှောက်ခဲ့တာ မဟုတ်သေးဘူး။
.
အလှကြည့်ပြီး
ကြည်နူးနေရတဲ့
ပီတိထက်
သာလွန်မြင့်မြတ်တဲ့
ပီတိ ရှိနိုင်အံ့မထင်။
.
ဒါကြောင့်
စေတနာဖြူစင်ကြတဲ့
ပညာရေးဝန်ထမ်းတွေ
ကျန်းမာရေးဝန်ထမ်းတွေကို မြင်ရင်
ချစ်လို့ကို မဆုံးတော့ဘူး။


6 August 2016

No comments: