Sunday 22 February 2009

အချစ်ရဲ့ စွမ်းအင်

အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  လမ်းပြကြယ်လေးပါ
မင်းမရှိရင်
ကိုဟာ အမှောင်လမ်းတွေထဲမှာ စမ်းတ၀ါးဝါးဖြစ်မှာ သေချာတယ်။


အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  စွမ်းအင်လေးပါ
မင်းမရှိရင်
ကိုဟာ ရှင်သန်နိုင်မှာ မဟုတ်တာသေချာတယ်။


အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အိုအေစစ်ကလေးပါ
မင်းမရှိရင်
ကိုဟာ ဘ၀အမောတွေကြားထဲ နစ်မြောနေမှာ သေချာတယ်။


အချစ်လေးရေ
မင်းဟာ ကို့ရဲ့  နိဗ္ဗာန်ဘုံလေးပါ
မင်းမရှိရင်
ကိုဟာ အေးချမ်းမှုတွေ ကင်းဝေးနေမှာ သေချာတယ်။


အချစ်လေးရေ
မင်းဟာ ကို့ရဲ့  အသက်သွေးကြောလေးပါ
မင်းမရှိရင်
ကိုဟာ သုံးမရတဲ့ လူတစ်ယောက်ဖြစ်မှာ သေချာတယ်။


အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အနာဂါတ်ကလေးပါ
မင်းမရှိရင်
ကိုဟာ အနာဂါတ်မဲ့တဲ့ လူတစ်ယောက်ဖြစ်မှာ သေချာတယ်။


အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အချစ်ကလေးပါ
မင်းမရှိရင်
ကိုဟာ အချစ်ဆိုတာကို သိမှာမဟုတ်တာ သေချာတယ်။





3 comments:

Anonymous said...

Power Of Love ! က အရမ်းပြင်းတယ်နဲ့တူတယ်နော် ကိုကိုမောင်..

ဇွန်မ said...

စာလုံးလေးတွေ သဘောကျတယ်

Welcome said...

အချစ်က စွမ်းအင်တစ်မျိုးပါပဲ
အချစ်အတွက် ရှင်သန်ပြီး
ရုန်းကန်လှုပ်ရှားနေကြတဲ့
သူသူငါငါတွေ ရှိနေလို့
ကမ္ဘာကြီး စိုပြည်နေတာ ဖြစ်ပါတယ်။
အားပေးလျက်ပါ။။