
မနက်ဖန်ဆိုရင် ဖေဖော်ဝါရီလ ၁၄ ရက်။
အခါကြီးရက်ကြီးမဟုတ်ပေမဲ့လဲ လူတွေစည်ကားနေကြမှာ အမှန်ဘဲ။ အပန်းဖြေစခန်းတွေမှာ၊ ကမ်းခြေတွေမှာ၊ ဥယျာဉ်ပန်းခြံတွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊ ယုတ်စွအဆုံး ဆိုက်ပါနက်တွေမှာ လူတွေပြည့်နက် ဆူညံနေကြမှာ သေချာပါတယ်။ အထူးသဖြင့်တော့ လူငယ် လူရွယ် ယောက်ျားလေး မိန်းခလေးတွေပေါ့။
လူကြီးတွေကတော့ ဘယ်လိုနေကြမယ်မသိပါဘူး။ လူငယ်တွေလိုဘဲ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို တန်ဖိုးထားကြဆဲဘဲလား။
ဘာဖြစ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ လူတွေ သက်ဆိုင်ရာနေရာတွေမှာ စည်ကားနေကြမှာပါလိမ့်။
ဒါက လူတိုင်းသိပါတယ်။ (အဟဲ ကျနော်လဲ သိနေတယ်)။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ချစ်သူများနေ့လေ။
Valentine's Day လို့ တစ်ကမ္ဘာလုံးက လူတွေ သိနေကြပါတယ်။ အဲဒီနေ့မှာ ချစ်သူမဖြစ်သေးတဲ့သူတွေ ချစ်သူအဖြစ်ရောက်ကြမယ်။ ချစ်သူဖြစ်ပြီးသူတွေ မင်္ဂလာဆောင်ကြမယ်။ ပန်းလက်ဆောင်ပေးကြတယ်။ ကဒ်လက်ဆောင်ပေးကြမယ်။ ချောကလက်လက်ဆောင်ပေးကြမယ်။ ကဗျာလက်ဆောင်ပေးကြမယ်။
ပျော်စရာကြီးပေါ့လေ။
အဲဒီ ဖေဖော်ဝါရီ ၁၄ ရက်နေ့ရောက်တိုင်း သူငယ်ချင်းတွေက ကျနော့်ကို မေးလေ့ရှိတယ်။ ချောကလက် ဘယ်နှစ်ခု လက်ခံရရှိပြီးပြီလဲတဲ့။ မိန်းခလေးတစ်ယောက်က ချောကလက် လက်ဆောင်ပေးတာကို ခံရရင် ချစ်တယ်လို့ ပြောတာနဲ့အတူတူဘဲတဲ့လေ။ အမှန်အတိုင်းပြောရရင် ကျနော် တစ်ခါမှ အဲဒီချစ်သူများနေ့မှာ ချောကလက် လက်ဆောင် မရရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်ဆယ်တော့ ကျနော့်ဆီမှာ ချောကလက်တွေ အများကြီးရှိတယ်။ ဟဲ ဟဲ အထင်တော့ မကြီးလိုက်ကြနဲ့ဦး။ ဘယ်သူကမှ လက်ဆောင်ပေးထားတာ မဟုတ်ဘူး။ ကျနော်ကြိုက်လွန်းလို့ တစ်ပေါင်ဆိုင်သွားပြီး အများကြီးဝယ်ထားတာ။
Valentine's Day ဆိုပြီး ပါးစပ်က တစ်သွင်သွင်ပြောနေကြပေမဲ့လဲ Valentine' Day ဖြစ်ပေါ်လာခြင်းရဲ့  မူရင်းဇစ်မြစ်ကတော့ အယူအဆတွေရဲ့  ၀ါးမျိုမှုအောက်မှာ ဝေေ၀၀ါးဝါးရယ်ပါ။
ဘယ်ဟာကို အမှန်ယူရမှန်းမသိပေမဲ့ ဖြစ်နိုင်ချေရှိတဲ့ ဒီပုံပြင်လေးကိုတော့ လူတိုင်းနီးပါး လက်ခံထားကြလေရဲ့ ။
Valentine ဆိုတာ St. Valentine ဆိုတဲ့ ရောမလူမျိုးတစ်ဦးရဲ့ နာမည်ကနေ ဆင်းသက်လာတာပါ။
သူ့ယုံကြည်တဲ့ ခရစ်ယာန်အယူဝါဒကို စွန့်လွတ်ခိုင်းတာကို ငြင်းဆန်ခဲ့တဲ့အတွက် အသတ်ခံခဲ့ရပါတယ်။ အေဒီ ၂၆၉ ခု ဖေဖော်ဝါရီလ ၁၄ နေ့မှာ သူသေဆုံးခဲ့တာပါ။ ခရစ်ယာန်အတွက်တော့ အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးဆိုရင် မမှားပါဘူး။ သူသေဆုံးတဲ့နေ့မှာဘဲ လူတွေအားလုံးရဲ့  ချစ်မြတ်နိုးခြင်းကို ခံခဲ့ရပါတယ်။
ဒဏ္ဍာရီအရကတော့ သူမသေခင် ထောင်မှူးသမီးနှင့်မိတ်ဆွေဖြစ်သွားတယ်။ ပြီးတော့ အဲဒီအမျိုးသမီးအတွက် နှုတ်ဆက်စာတစ်စောင်ရေးထားခဲ့ပြီး စာရဲ့  အဆုံးမှာ From Your Valentine ဆိုတဲ့စာနဲ့အတူ လက်မှတ်ပါထိုးထားခဲ့ပါတယ်တဲ့။
အခြားအယူအဆအရကတော့
စိန့်ဘာလင်တိုင်းဟာ ဘုရားကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။
ကလောက်ဒီယပ် အင်ပါယာခေတ် (Emperor Claudius) အခါက အာဏာကို ဖီဆန်မှုနဲ့ ကလောက်ဒီယပ်ဧကရာဇ်ကြီးကိုယ်တိုင် သူ့ကို ထောင်ချ အကျဉ်းသွင်းခဲ့ပါတယ်။
အေဒီ ၄၉၆ ခုရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီး ဂီလက်စီယပ် (Gelasius)က ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို စိန့်ဘာလင်တိုင်းကို ဂုဏ်ပြုတဲ့နေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဒီလိုနဲ့ဘဲ ဖြေးဖြေး ဖြေးဖြေးနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ချစ်သူအချင်းချင်း ချစ်စကားသ၀ဏ်လွှာလေးတွေ ဖလှယ်ကြတဲ့ နေ့ (ချစ်သူများနေ့) အဖြစ် အသိအမှတ်ပြုလာခဲ့ကြပါတယ်။ စိန့်ဘာလင်တိုင်းကြီးကတော့ ချစ်သူများရဲ့  သူတော်ကောင်း အကြီးအကဲအဖြစ်နဲ့ ထင်ရှားလာခဲ့ပါတယ်။ အဲဒီ ချစ်သူများနေ့ကို ကဗျာလေးတွေ ပေးပို့ခြင်း လက်ဆောင်လေးတွေပေးခြင်းစတဲ့ လုပ်ဆောင်ချက်ကလေးတွေနဲ့ အမှတ်အသားပြုခဲ့ကြပါတယ်။
ပထမဦးဆုံး Valentine Card ကို ပေးပို့ခဲ့တဲ့သူကတော့ အမေရိကနိုင်ငံက Miss Esther Howland ဖြစ်ပါသတဲ့ခင်များ။
အပြည့်အစုံဖတ်ချင်ရင်တော့ ဒီလင့်ခ်http://www.pictureframes.co.uk/pages/saint_valentine.htm လေးထဲ ၀င်ရောက်ပြီးသာ မွှေနှောက်ကြပေတော့လို့။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာ့ပြည်ထောင်စုနေ့၊ ၁၃ ရက်နေ့က ဗိုလ်ချုပ်မွေးနေ့၊ ၁၄ ရက်နေ့က ချစ်သူများနေ့ဆိုတော့ သုံးရက်ဆက်တိုက် နေ့ထူးနေ့မြတ်တွေပေါ့ဗျာ။
ဒါကြောင့်မို့
ချစ်သူမရှိသေးတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံး ၁၂ ရက်နေ့မှာ ပြည်ထောင်စုပွဲတက်ရောက်ရင်း နှစ်သက်တဲ့သူနှင့်တွေ့၊ ၁၃ ရက်နေ့မှာ ချစ်ရေးဆိုပြီး ၁၄ ရက်နေ့မှာ ချစ်တယ်ဆိုတဲ့ အဖြေကို မဆိုင်းမတွရရှိနိုင်ကြပါစေကြောင်း ဆုတောင်းပန်ထွာပြုပေးလိုက်ပါတယ်။
မှတ်ချက်။
http://www.pictureframes.co.uk/pages/saint_valentine.htm ကို မှီငြမ်းထားပါတယ်။
2 comments:
ချစ်သူများနေ့ပုံပြင်တွေ အများကြီးထဲကနေ ထပ်ပြီး ဖတ်သွားပါတယ်။ ဗဟုသုတပေါ့နော်။
သူများကိုလည်း ပွားလို့ ရတာပေါ့
ကျေးဇူးအထူးပါခင်ဗျာ။
ကိုကိုမောင်ရေ ဖတ်သွားပါတယ်..
ပျော်ရွင်ဖွယ် နေ့လေးဖြစ်ပါစေ.
Post a Comment