Thursday 5 February 2009

မင်းမရှိရင်......


မျက်ဝန်းတွေမှိတ်

အိပ်မသွားပါနဲ့

မျက်ဝန်းနက်ရဲ့ 

အကြည့်မှာ

တွယ်ငြိခြင်းသံယောဇဉ်

ရှာချင်နေသူမို့ပါ။


နှုတ်ခမ်းတွေပိတ်

ဆိတ်မသွားပါနဲ့

နှုတ်ခမ်းချိုတွေရဲ့ 

အဖွင့်မှာ

တွယ်ငြိခြင်းသံယောဇဉ်

ရှာချင်နေသူမို့ပါ။


ရယ်သံတွေတိမ်

ငြိမ်မသွားပါနဲ့

ရယ်သံ တိုးတွေရဲ့ 

အကြားမှာ

တွယ်ငြိခြင်းသံယောဇဉ်

ရှာချင်နေသူမို့ပါ။


ကြင်နာတာတွေလျော့

ပေါ့မသွားပါနဲ့

အကြင်နာတွေရဲ့ 

နူးညံ့မှုမှာ

တွယ်ငြိခြင်းသံယောဇဉ်

ရှာချင်နေသူမို့ပါ။


အနမ်းတွေရပ်

တန့်မသွားပါနဲ့

အနမ်းတွေရဲ့ 

မထိတတိမှာ

တွယ်ငြိခြင်းသံယောဇဉ်

ရှာချင်နေသူမို့ပါ။


အမုန်းတွေစွက်

ဆက်မသွားပါနဲ့………cheri အချစ်ရယ်

အငြိုးတွေရဲ့ ကြားမှာ

ရပ်တည်နိုင်စွမ်းမရှိတော့လို့ပါ။


သေချာတယ်

မင်းမရှိတဲ့ငါ့ဘဝ

တစ်ခဏလေးတောင်

တည်တံ့နိုင်မှာ မဟုတ်တော့လို့ပါ။



1 comment:

Anonymous said...

Very good blog! Do you have any tips for aspiring writers?

I'm planning to start my own website soon but I'm a little lost on
everything. Would you suggest starting with a free platform like Wordpress or go for a paid
option? There are so many options out there that I'm totally confused .. Any suggestions? Many thanks!

Also visit my website; arion