Tuesday 16 December 2008

အိပ်မက်တမ်းချင်း


တခဏကြုံတွေ့ရတဲ့
အချိန်တိုလေးအတွင်း
ချစ်သူ့မျက်ဝန်းနက်လေးတွေက
ငါ့ရင်ကို ဗြောင်းဆန်စေခဲ့
ခဏလေးမှ ခဏလေးပါဘဲ။

မနီးမဝေးက
ချစ်သူ့စကားသံ ချိုအေးအေးလေးတွေက
ငါ့နှလုံးသားကို သိမ်းကြုံးယူငင်လိုက်သလို
မရည်ရွယ်ပါဘဲ
စွဲလန်းမိခဲ့။

ငါ့ကမ္ဘာလေးထဲက
ချစ်သူအတွက်
ပကာသနလဲ မလိုခဲ့ဘူးနော်
ထပ်တူညီ ကိန်းတချို့ နဲ့
ပဉ္စလက်အတတ်လဲ
မလိုအပ်ခဲ့ပါဘူး
နယူတန်ရဲ့  နိယာမတွေလဲ
နေသာသလိုနေပါစေတော့။

ဆန္ဒနှင့်ဘ၀ကြား
ထပ်တူမကျခဲ့ရင်လဲ
မျှော်လင့်ခြင်းတွေနဲ့လွမ်းပါရစေ။

ဝေးကွာခြင်းရဲ့ အခြားတစ်ဖက်
သံယောဇဉ်ပန်းပင်တွေရယ်
ရနံ့ဖူးသစ်စေတဲ့
မေတ္တာဥယျာဉ်နန်းမှာ
သစ္စာတမ်းချင်းညည်းရင်း
ထာဝရအိပ်စက်ပါရစေ။

No comments: