Monday 1 December 2008

လူ့တန်ဖိုး

"သူများအတင်းမပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိစိ"

လူတွေဟာ သူများအတင်းကို ပြောပြပြီး အရသာ အလွန်ခံတတ်တဲ့ သတ္တ၀ါတစ်မျိုးပါဘဲ။
သူများအတင်းပြောပြီဆိုမှတော့ စဉ်းစားဖို့တောင် မလိုဘူး။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းဘဲပေါ့။
အပြစ်ကို ရှာဖွေနေတဲ့သူဟာ အပြစ်ကို ကျိန်းသေပေါက် တွေ့မှာသေချာပါတယ်။ လူတိုင်း အရာအားလုံး ပြီးပြည့်စုံကြတာမဟုတ်ဘူးလေ။ No one is perfect တဲ့။

ဗုဒ္ဓလက်ထက်က
လူတစ်ချို့ ဟာ ဘက်စုံက ပြီးပြည့်စုံတဲ့ (All perfect One) ဘုရားရှင်ကိုတောင် ကြံဖန်အပြစ်ရှာပြီး အပြစ်တင်ကြသေးတာဘဲလေ။ လူ့သဘာဝပေကိုးဗျ။ အကျင့်ဆိုတာ ဖျောက်ရခက်တယ်လေ။

သူ့အကြောင်းကို မပြောချင်ပါဘူးအေ့။ သူက အရမ်းတစ်ကိုယ်ကောင်းဆန်တာ။ လိပ်မျိုး။ ကိုယ့်ဘက်ဘဲ ယက်တတ်တဲ့လူစားမျိုး။ သူများတွေကို လုံးဝထည့်မတွက်ဘူး။ သူအဆင်ပြေဖို့ဘဲ သိတာ။ စိတ်ဓါတ်လုံးဝ မကောင်းဘူး။ အရမ်းမိုက်ရိုင်းတယ်။

အဲဒီလိုစကားမျိုးတွေကို ရပ်ကွက်ထဲမှာ မကြာမကြာ ကြားကြရမှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးစကားကို ပြောတဲ့သူကိုယ်တိုင် အတ္တအရမ်းကြီးနေတတ်တယ်လေ။ လူဆိုတာ ကိုယ့်အတ္တကို မမြင်တတ်ကြဘူး။
သူများရဲ့ ပျော့ကွက် ဟာကွက်ကိုဘဲ ဖိနှိပ်ပြီး အတင်းတုတ်တတ်ကြတယ်မဟုတ်လား။ အလွန်ရယ်စရာကောင်းတဲ့ သတ္တ၀ါမျိုးပါဘဲ။ ကျနော် အပါအ၀င်ပေါ့။

ကျနော့် ဘ၀တစ်လျောက်
အတင်းအဖျင်းတွေလဲ အများကြီး ကြားခဲ့ရပြီးပါပြီ။
မိုက်မိုက်ရိုင်းရိုင်း စကားလုံးတွေလဲ အများကြီး ကြားခဲ့ရပြီးပါပြီ။
ကျနော် အပါအ၀င် အားလုံးအတ္တသမားတွေချည်းဘဲဆိုတာလဲ သဘောပေါက်ခဲ့ပြီးပါပြီ။
ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူကြတဲ့ သူတွေလဲ တွေ့ခဲ့ဖူးပါပြီ။
လိုအပ်သည်ထက်ပိုတဲ့ အတ္တသမားကြီးတွေလဲ လောကမှာ ဒုနဲ့ဒေးပါဘဲ။

ဘယ်သူတွေဘာဘဲပြောပြော
ကျနော်ကတော့ လူတွေရဲ့ တန်ဖိုးကို တိုင်းတာတဲ့နည်းလမ်းလေး သိထားတယ်။
အဲဒါလေးကတော့--
"မိမိ၏တန်ဖိုးကို မိမိ၏ အပြုအမူကဘဲ ဆုံးဖြတ်ပေး၏" တဲ့။

1 comment:

WWKM said...

မိမိ၏တန်ဖိုးကို မိမိ၏အပြုအမူကပဲဆုံးဖြတ်ပေး၏။ တဲ့
အဲဒီစကားလေးမှတ်သား သွားပါတယ် ကိုကိုမောင်ရေ.

အဆင်ပြေပါစေနော်.
အားပေးနေပါမယ်.
မ၀ါ