Monday 29 December 2008

ဖာထေးရာများနဲ့ တမ်းတခြင်း

ကန္တာရထဲ ပေါက်ရောက်ရှင်သန်နေတဲ့
ထိကရုံးပင်လေးတစ်ပင်ဟာ
ရွှေနန်းဥယျာဉ်ထဲ ပွင့်နေတဲ့
တော်ဝင်ပန်းတွေထက် အသုံးဝင်တယ်။

ဝတိံထက်ဖျားက နတ်ရေကန်ထက်
အပူပိုင်းဒေသက ရေတွင်းငယ်လေးက
အဆတစ်ရာ တန်ဖိုးရှိတယ်။

ဘီလျံနာတွေ သန်းပေါင်းများစွာ အရှုံးပေါ်တာဟာ
ငါတို့ ငါးပြားစေ့တစ်စေ့ပျောက်သလောက်
ကြေကွဲစရာမကောင်းဘူး။

ခြစ်ခြစ်တောက်ပူလောင်နေတဲ့
လွင်ပြင်ကြီးထဲလျောက်သွားရင်း
ရေငတ်ပြီး မေ့မျောသွားတဲ့သူတွေထက်
ပင်လယ်ပြင်ထဲ သင်္ဘောပျက်ပြီး
ရေရှာမရတဲ့ ဒုက္ခက ပိုကြီးမားတယ်။

ဓူဝံကြယ်ကို ဆွတ်ခူးလို့ မရနိုင်မှန်း သိပေမဲ့
ပိုးစုန်းကြူးအလင်းရောင်လေးကိုတော့
ကျနော် တမ်းတနေမိခဲ့တယ်။


No comments: