Monday 1 December 2008

စရိုက်

ဘယ်သူကတော့ စရိုက်မကောင်းဘူး၊ ဘယ်သူကဖြင့် စရိုက်ကောင်းတယ် စတဲ့စကားကို မိတ်ဆွေတို့လဲ ကြားဖူးကြမှာပါ။ လူအမျိုးမျိုး စရိုက်အမျိုးမျိုးဆိုပေမဲ့ အဘိဓမ္မာဒေသနာတော်အရ စရိုက် ၆ ပါးဘဲ ရှိပါတယ်။
အဲဒီစရိုက် ၆ ပါးဟာ လူတွေရဲ့  အဆင်းသန္တာန်ကို ပြောင်းလဲစေပါတယ်။

လူတွေရဲ့  အင်္ဂါရုပ်ကို ကောင်းကောင်းနားလည်တဲ့သူဆိုရင် ဘယ်သူက ဘယ်စရိုက်ဖြစ်နေတယ်ဆိုတာ သိနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စရိုက်တစ်ခုဖြစ်တိုင်း လူတွေရဲ့  နှလုံးသွေးရောင်ဟာ ပြောင်းလဲသွားလို့ပါဘဲ။
နှလုံးသွေးပြောင်းရင် ခန္ဓာကိုယ်ပေါ်က အရေပြားအရောင်အဆင်းလဲ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် မျက်နှာပေါ်က အရေပြားအရောင်အဆင်းပြောင်းလဲသွားတာက ပိုထင်ရှားပါတယ်။

လူတွေရဲ့ စရိုက်ပြောင်းလဲသွားတာနဲ့တပြိုင်နက် နှလုံးသွေးရောင်ပြောင်းလဲပုံကို ဗဟုသုတအဖြစ် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ မိမိကိုယ်ကို ဆန်းစစ်နိုင်ကြပါစေ။
............................

၁။ရာဂ (တပ်မက်မှု) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် ချိပ်ရည်ကဲ့သို့ နီမောင်းသော အရောင်ရှိ၏။

၂။ဒေါသ (ကြမ်းတမ်းမှု) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် ထောက်ရှာသီးမှည့်ကဲ့သို့ မည်းနက်သော အရောင်ရှိ၏။

၃။မောဟ (တွေဝေမှု) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် ဟင်းလျာဆေးရည်ကဲ့သို့ ဖျော့တော့သော အဆင်းရှိ၏။

၎။ဝိတက် (တွေးတောမှု) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် မဖြူ မညို ပဲစင်းငုံအဆင်းကဲ့သို့ ဖျော့တော့သော အဆင်းရှိ၏။

၅။သဒ္ဓါ (ကြည်လင်မှု) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် မဟာလှေခါးပန်းအဆင်းကဲ့သို့ ၀ါဝင်းကြည်လင်သော အဆင်းရှိ၏။

၆။ပညာ (အသိဥာဏ်) စရိုက်ထူပြောသူ၏ နှလုံးသွေးရည်သည် သန့်ရှင်းစင်ကြယ်သော အဆင်းရှိ၏။

ဝန်ခံချက်။
သုခမှတ်စုနှင့် အပ္ပမာဒ အတွဲ ၆ အမှတ် ၃ ကို ကိုးကားထားပါတယ်။

No comments: