Monday 12 January 2009

မနက်ဖန်



လောကကြီးကို

စိတ်ကုန်တယ်။


ဒါပေမဲ့....

မနက်ဖြန်တွေကို

စိတ်မကုန်နိုင်ဘူး။


မင်းနဲ့ချစ်မိမှ

ကိုယ့်ဘ၀မှာ

မနက်ဖြန်တွေကိုမျှော်တတ်နေပြီ။


မနက်ဖြန်တိုင်း

ရင်ခွင်ချင်းအပ်

လက်ထပ်ဖြစ်ကြရင်ကောင်းမယ်။


ဒါပေမဲ့………

အဲဒီမနက်ဖြန်တွေကို

သင်ကြားတတ်မြောက်ဖို့

ကိုယ်မယုံရဲတော့ဘူး။


ကိုယ့်ဘ၀ထဲမှာ

ချစ်ဒေါသကလွဲရင်

အခြားဒေါသမရှိတော့ဘူး။


မင်းနဲ့ကွေကွင်းရမဲ့

သောကကလွဲရင်

ဘာသောကမှမရှိတော့ဘူး။


ကိုယ့်ဘ၀ရဲ့

အကြီးမားဆုံးအရာ

ပေးထားခဲ့ပါတယ်။


ရော့

ယူတတ်ရင်ယူလိုက်ပါ။



No comments: