Thursday 1 January 2009

နှစ်သစ်ကို တမ်းတခြင်း


သီချင်းဆိုသံတွေက နှစ်သစ်လား
ဗျောက်အိုးဖောက်သံတွေက နှစ်သစ်လား
ပျော်မြူးသံက နှစ်သစ်လား
ဘီယာသောက်ခြင်းက နှစ်သစ်လား
ဝိုင်းစုပြီးဝိုင်သောက်ကြခြင်းက နှစ်သစ်လား
နှစ်ကိုယ်တူကြည်နူးခြင်းက နှစ်သစ်လား
နှစ်ကိုယ်လမ်းခွဲခြင်းက နှစ်သစ်လား

ည ၁၂ နာရီထိ မအိပ်ဘဲနေခြင်းက နှစ်သစ်လား
အချင်းချင်းဆုတောင်းပေးခြင်းက နှစ်သစ်လား
အကုသိုလ်နဲ့ အဆုံးသတ် ကုသိုလ်နဲ့ စတင်တာ နှစ်သစ်လား
အေးမြခြင်းက နှစ်သစ်လား
စောင်ခြုံထားရခြင်းက နှစ်သစ်လား

နှစ်သစ်ကို ဘယ်လိုဖွင့်ဖွင့်
ရွက်လွင့်ခဲ့တဲ့ သံသရာခရီးကို
နှမြောတမ်းတရင်း
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
နှစ်သစ်...နှစ်သစ်တွေကို
အငမ်းမရ
တမ်းတမျှော်လင့်နေမိတယ်။



3 comments:

Welcome said...

နှစ်သစ်မှာ
ပျော်ရွှင်နိုင်ပါစေ
လှပတဲ့နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

http://winzaw-mdy.blogspot.com

JulyDream said...

"When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!"

Anonymous said...

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ..
အေးချမ်းပျော်ရွှင်ပါစေ