Monday 12 January 2009

မင်္ဂလာပါချစ်သူ

ရန်ဖြစ်ကြတဲ့အခါ
ပိုကြင်နာပါ။

အိမ်မက်တွေကို
ထပ်ခါထပ်ခါ
မက်ခွင့်ရဖို့အရေး
ညတွေရှိနေဖို့ လိုတယ်လေ။

ဒါ့ကြောင့်
ဘ၀ကို
အိပ်စက်ခွင့်ပေးပါ ချစ်သူ။

ဒါပေမဲ့…
မိုးမသောက်ခင်
ကိုယ့်ကိုသွားခွင့်ပြုပါ။

ခိုဝင်ဖူးတဲ့
ရင်ခွင်ဦးဆိုတာ
ကိုယ်မဟုတ်ခဲ့လို့ပါ။


1 comment: