Sunday 11 January 2009

အနှိုင်းမဲ့အောင်မြင်ခြင်း


အနှိုင်းမဲ့အောင်မြင်ခြင်းဆိုပေမဲ့ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။


ဗုဒ္ဓဘုရားရှင်က

မာရ်နတ်မင်းရဲ့ ရန်သူစစ်တပ်ကို အောင်မြင်ခဲ့တာကို ရည်ရွယ်တာမဟုတ်သလို

သိကြားမင်းက
အသူရာနတ်မင်းရဲ့ စစ်တပ်ကို ဖြိုခွင်းခဲ့တာကိုလဲ ဆိုလိုတာ မဟုတ်ပါဘူး။

အသောကမင်းကြီး
ကလိင်္ဂတိုင်းကို အောင်ပွဲရခဲ့တာကို မညွန်းဆိုသလို
ဗိုလ်ချုပ်တို့က
နယ်ချဲ့ ဗြိတိသျှကို တိုက်ထုတ်နိုင်ခဲ့တာကိုလဲ မရည်ညွန်းပါဘူး။

တစ်စုံတစ်ယောက်က
ဆယ်တန်းစာမေးပွဲအောင်မြင်တာကို ပြောနေတာမဟုတ်သလို
သန်းထီပေါက်တာကို ရှင်းပြနေတာလဲမဟုတ်ပါဘူး။

ကျနော်ဆိုလိုတာက
ဒီနေ့ ညနေ ၄ နာရီအချိန်က အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ကန်သွားတဲ့
မန်ယူ နှင့် ချယ်လ်ဆီး ဘောလုံးပွဲမှာ ကျနော့် ဖေးဘရိတ် မန်ယူအသင်းက အနိုင်ယူသွားတာကိုဘဲ ရည်ညွန်းတာပါခင်များ။


အနိုင်ယူသွားတာမှ နဲနဲနောနောမဟုတ်ဘူး။ သုံးဂိုး ဂိုးမရှိကြီးများတောင်။ အကြီးကျယ်ဆုံးအနိုင်ပွဲကြီးပါဘဲ။ ကျနော် အရမ်းကျေနပ်တယ်။
လက်ကျန်ပွဲတွေအားလုံးကန်ပြီးသွားရင်တော့ မန်ယူက ထိပ်ဆုံးကနေပြီး ဦးဆောင်နေမှာသေချာတယ်။ ပျော်စရာကြီးနော်။


ပြီးတော့ အဲဒီအတိုင်း အနိုင်ပွဲတွေ ဆက်သွားရင်တော့ ဒီနှစ်လဲ မန်ယူဘဲ ဖလားတွေ အများကြီး ရဦးမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။


အဲဒီ မန်ယူရဲ့ ချယ်လ်ဆီးအပေါ် အောင်မြင်အနိုင်ယူခြင်းကိုဘဲ အနိုင်းမဲ့ အောင်မြင်ခြင်းလို့ ကျနော် ဆိုလိုတာပါ။
မန်ယူ ပရိသတ်မဟုတ်တဲ့သူတွေအတွက်တော့ ဆောရီးဘဲနော်။ ကျနော်က မန်ယူမှ မန်ယူ။ အရူးအမူးဘဲ။
မိတ်ဆွေတို့ကိုလဲ အနှိုင်းမဲ့အောင်မြင်ခြင်းမှ ကြိုဆိုလျက်ပါဘဲ ခင်များ။



3 - 0






No comments: