Thursday 8 January 2009

Usage of English 12 (အင်္ဂလိပ်စာအသုံးအနှုန်း ၁၂)

အင်္ဂလိပ်စာ အသုံးအနှုန်းလို့ ခေါင်းစဉ်တပ်ထားပေမဲ့ အခုတင်ပြချက်လေးကတော့ အင်္ဂလိပ်သတင်းစာမှာ များသောအားဖြင့် သုံးလေ့ရှိကြတဲ့ စကားလုံးလေးတွေပါ။ သတင်းစာအသုံးအနှုန်းဆိုရင်လဲ မမှားဘူးပေါ့။

ပထမစာလုံးမဲက သတင်းစာ စကားလုံးပါ။ အဲဒီနောက်က ပုံမှန်အင်္ဂလိပ်အသုံးပါ။
သိထားဖို့တော့ လိုတာချည်းပါဘဲ။
.............


aid=help> အကူအညီ။
She went to the aid of a man trapped in his car.
ကားထဲပိတ်မိနေတဲ့လူကို အကူအညီပေးဖို့ သူမသွားခဲ့တယ်။

axe= cut or remove> ဖြတ်တောက်သည်။ ဖယ်ထုတ်သည်။
The TV series will be axed owing to a decline in popularity.
လူကြိုက်နည်းလာတဲ့အတွက် တီဗီထုတ်လွင့်မှုအစီအစဉ်ကို ပယ်ဖျက်လိုက်တယ်။

back= support> ထောက်ခံသည်။ ထောက်ပံ့သည်။
The management has refused to back our proposals.
စီမံရေးဌာနက ကျနော်တို့ တင်ပြချက်ကို မထောက်ခံဘူး။

bar= exclude or forbid> တားမြစ်သည်။
The players are barred from drinking alcohol the night before a match.
ပြိုင်ပွဲမတိုင်ခင် တစ်ညကစပြီး ကစားသမားတွေကို မူးယစ်သောက်စားခြင်းမှ တားမြစ်တယ်။

bid= attempt> ကြိုးပမ်းသည်။
The team is bidding to retain its place in the league.
အသင်းက ပြိုင်ပွဲတစ်လျောက် သူ့နေရာ ရပ်တည်နိုင်ဖို့ ကြိုးပမ်းတယ်။

blast= explode> ဖောက်ခွဲသည်။ ပေါက်ကွဲသည်။
A tunnel was to be blasted through the mountains.
ဥမင်ကို တောင်တန်းတွေကိုဖြတ်သန်း ဖောက်ခွဲပြုလုပ်တယ်။

blaze= fire> မီးလောင်ကျွမ်းသည်။
Within minutes the whole building was blazing.
ခဏအတွင်းမှာ အဆောက်အဦတစ်ခုလုံး လောင်ကျွမ်းနေတယ်။

boost= incentive or encourage> မက်လုံး။ အားပေးသည်။
The theatre managed to boost its audiences by cutting ticket prices.
ကဇာတ်ဌာနက လက်မှတ်တန်ဖိုး လျော့ချပြီး ပရိသတ်တွေကို မက်လုံးပေးဖို့ စီမံတယ်။

I tried to boost his ego by praising his cooking.
သူ့ရဲ့ အချက်အပြုတ်ကို ချီးကျူးပြီး သူ့စိတ်ဓါတ်ကို ကျနော် အားပေးဖို့ ကြိုးစားခဲ့တယ်။

boss or head= manager or director= မန်နေဂျာ။ ဒါရိုက်တာ။
She was the boss/head of a large international company.
သူမဟာ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးရဲ့  မန်နေဂျာပါ။

clash= fight or dispute= တိုက်ခိုက်သည်။ အငြင်းပွါးသည်။
Students clashed with police after demonstrations at five universities
တက္ကသိုလ်ငါးခုမှာ ဆန္ဒပြပွဲများဖြစ်ပြီးနောက် ကျောင်းသားတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။

No comments: