Sunday 4 January 2009

ဆန်း မဆန်း

ငါးကလေးတွေ ရေကူးတတ်တာ
ငှက်ကလေးတွေပျံသန်းတတ်တာ
အဲဒါ အဆန်းမဟုတ်။

ငှက်ကလေးတွေ ရေကူးပြီး
ငါးကလေးတွေ ပျံသန်းနေရင်
အဲဒါ ဆန်းပြီ။

ထီပေါက်လို့ ၀မ်းသာပျော်ရွှင်တာ
မိဘဆုံးလို့ ငိုကြွေးမြည်တမ်းတာ
အဲဒါ အဆန်းမဟုတ်။

ထီပေါက်လို့ ငိုကြွေးမြည်တမ်းပြီး
မိဘဆုံးလို့ ၀မ်းသာပျော်ရွှင်ရင်
တကယ်ပင် ဆန်းပြီ။

ခြေထောက်နဲ့ လမ်းလျောက်တာ
လက်နှင့်ကိုင်တွယ်တာ
အဲဒါ အဆန်းမဟုတ်။

ခြေထောက်နဲ့ ကိုင်တွယ်ပြီး
လက်နဲ့လမ်းလျောက်ရင်
အဟုတ်ပင် ဆန်းပြီ။

ဆန်းတာ မဆန်းတာ
ပရမ်းပလာတော့ မထင်လိုက်နဲ့
မဆန်းတာတွေ ဆန်းလာရင်
ဆန်းတာတွေ မဆန်းတော့တာ
အဲဒါ သဘာဝဘဲလေ။

No comments: