Saturday 8 November 2008

ဒီနေ့ Post အသစ် မတင်ရခြင်းအကြောင်း

ဒီနေ့ Post အသစ်ကလေးတွေ တင်ဖို့စိတ်မပါဘူးဖြစ်နေတယ်။
ရှင်းရှင်းပြောရရင်တော့ ညစ်နေတယ်ပေါ့ဗျာ။
...........................................

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တဲ့နေ့ရောက်တိုင်း ဗုဒ္ဓနေ့ဆိုပြီး အထိမ်းအမှတ်ပွဲတွေ ကျင်းပကြတယ်။

သောမတ် အက်ဒီဆင် သေတဲ့နေ့ဆိုရင် အမေရိကမှာ လျပ်စစ်မီးကို ခေတ္တခဏ ဖြတ်တောက်ထားပြီး သူ့ကို ဂုဏ်ပြုကြတယ်တဲ့။

ကျနော်တို့ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးမျာ ကျဆုံးခဲ့တဲ့နေ့ကို အာဇာနည်နေ့လို့ အမည်ပေးပြီး
အဲဒီအာဇာနည်နေ့ရောက်တိုင်းမြန်မာနိုင်ငံမှာရှိတဲ့ အလံအားလုံးကို တစ်ဝက်ဘဲ တင်ပြီး အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုကြတယ်။

ဘောလုံးသမားတွေတောင်မှ ကစားသမားတစ်ယောက်ယောက် သေဆုံးခဲ့ရင် လက်ပတ်အနက်ရောင်ဝတ်ပြီး ဂုဏ်ပြုကြသေးတယ်။

ကျနော်တို့သက်ဆိုင်ရာ ဆွေမျိုးမိဘတွေသေဆုံးတဲ့နေ့ဆိုရင်လဲ သေဆုံးတဲ့သူကို ရည်ရွယ်ပြီး
ကုသိုလ်ကောင်းမှုလုပ် အမျှအတမ်းပေးဝေလေ့ရှိကြတယ်။
....................................

ဒီနေ့ စိတ်ညစ်တယ်ဗျာ။ တကယ်မျှော်မှန်းထားခဲ့တဲ့အရာ ထင်သလိုဖြစ်မလာဘူး။
အားလုံးကို ကြေငြာထားတဲ့အတိုင်း ကျနော်က မန်ချက်စတာယူနိုက်တက်ရဲ့ Fan လေ။

ဒီနေ့ မန်ယူကန်သွားတာ အချိုးမပြေဘူး။ ကလေးတွေချည်းစုနေတဲ့ အာစင်နယ်ကို သရေရအောင်တောင် မလုပ်ခဲ့နိုင်ဘူးဆိုတော့ လွန်လွန်းတာပေါ့။ အင်းမရိတ်ကနေပြီး အိုးထရက်ဖို့ဒ် အပြန်လမ်းမှာ သူတို့အချင်းချင်း စကားမပြောနိုင်လောက်အောင် အရှက်ရသွားကြမှာသေချာတယ်။

Logo 2 - 1 Logo

မန်ယူကြီး အာဆင်နယ်ကို အာဆင်နယ်ကွင်းမှာ ၂-၁ နှင့်ရှုံးခဲ့တာပါ။ ဒါတောင်မှ နောက်မှ လူစားဝင်လာတဲ့ ရာဖဲယ်လ် သွင်းယူလိုက်လို့ အရှက်ပြေ နှစ်သိမ့်ဂိုးလေးရခဲ့တာ။ မဟုတ်ရင် တကယ့်ကိုရှက်စရာကြီး။
အထက်က လီဗာပူးနှင့်ချယ်လ်ဆီးကို ဖိအားပေးဖို့ အချိန်ကောင်းလေးမှာ အခုလိုဖြစ်သွားတာ ရင်နာစရာကောင်းတယ်။

မန်ယူဘောလုံးသမားတွေတော့မသိဘူး။ ကျနော်ကတော့ အတော်လေးစိတ်ညစ်သွားတယ်။
ဒါကြောင့် (ယုံချင်ယုံမယုံချင်နေ)
မန်ယူရှုံးလို့ စိတ်ညစ်တဲ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ Post အသစ်မတင်တာပါခင်မျာ။
...........................

မိတ်ဆွေတို့ကော ဘယ်အသင်းရဲ့  Fan တွေလဲ။ အားပေးတဲ့ အသင်းချင်း မတူညီရင်လဲ ကျနော့်ကို စိတ်မဆိုးကြနဲ့ဦးနော။

No comments: