Sunday 9 November 2008

ပန်းလိုကျင့်ကြစို့


အမြင့်မှာပွင့်တဲ့ပန်း
လက်လှမ်းလို့ ယူမယ်ကြံ
ဟန်ပါပါ လေယူအသိမ်းမှာ
ယိမ်းနွဲ့ကပြန်။

လက်လှမ်းမမီ တုံးခုလို့
ရုံးစုကြံစည်
မုန်းသူ့လေပြင်းအတိုက်မှာ
အငိုက်မိပြီ။

တုံးခုရုံးစုမမီ ဥာဏ်ကူကာ
တံချူကိုသုံး
ရန်သူတံချုအရှမှာ
ပန်းအလှ ဆုံး။

အလှ ဆုံး ဘ၀ရှုံးပန်းလေးဟာ
မွှေးမြဲမွှေးနေတာ။
အတွေးထဲမှာ ရန်ငြိုးမထား
မွှေးရနံ့ရစေသား။

ပန်းနှင့်ပန်းဘ၀ လှစေဖို့
မျှဝေခံစားစို့။
ရန်များပေမဲ့ သည်းခံထား
ပန်းလိုကျင့်စို့လား။ ။

No comments: