Tuesday 12 May 2009

အချစ်က....

အချစ်က
အရောင်အဆင်းမရွေးဘူး
အတိုင်းအတာမရွေးဘူး
အနီးအဝေးမရွေးဘူး
အကြီးအသေးမရွေးဘူး။

အချစ်က
သဏ္ဍာန်မရွေးဘူး
ဒြပ်မရွေးဘူး
အအေးအပူမရွေးဘူး
အပေးအယူမရွေးဘူး။

အချစ်က
အသက်အရွယ်မရွေးဘူး
ဘာသာမရွေးဘူး
လူမျိုးမရွေးဘူး
နေရပ်မရွေးဘူး။

အချစ်က
အဟောင်းအသစ်မရွေးဘူး
အပျိုအအိုမရွေးဘူး
အဆိုးအကောင်းမရွေးဘူး
အကျိုးအကြောင်းမရွေးဘူး

အချစ်က
ရာထူးမရွေးဘူး
ရောဂါမရွေးဘူး
မျက်နှာမရွေးဘူး
အချောအလှမရွေးဘူး။

အချစ်က
ဆင်းရဲမရွေးဘူး
ချမ်းသာမရွေးဘူး
ကုသိုလ်မရွေးဘူး
အကုသိုလ်မရွေးဘူး။

အချစ်က
ရာသီဥတုမရွေးဘူး
ပြက္ခဒိန်မရွေးဘူး
ကြယ်လနက္ခတ်မရွေးဘူး
ဂြိုဟ်မရွေးဘူး။

အချစ်က
မြေမရွေးဘူး။
ရေမရွေးဘူး။
လေမရွေးဘူး။
မီးမရွေးဘူး။

အချစ်က
အပါယ်ဘုံမရွေးဘူး။
လူ့ဘုံမရွေးဘူး။
နတ်ဘုံမရွေးဘူး။
ဗြဟ္မာ့ဘုံမရွေးဘူး။

အချစ်က
ပုဂ္ဂိုလ်မရွေးဘူး။
ခန္ဓာမရွေးဘူး။
ရုပ်နာမ်မရွေးဘူး။
ပညတ်မရွေးဘူး။

အချစ်က..
အချစ်ကိုဘဲ ရွေးတယ်။ ။

....

10 comments:

ကြယ်ဖြူစင် said...

အချစ်မှာအချစ်ဘဲရှိပြီးတော့..အချစ်ကအချစ်ကို ဘဲရွေးပါတယ်အကို..ကဗျာလေးတွေအရမ်းကောင်း တယ်အကို

:P said...

ဒီကဗျာလေး ကြိုက်တယ်။

မြစ်ကျိုးအင်း said...

အချစ်အကြောင်းတွေ တန်းစီပြီးပြောနေပုံထောက်တော့
ဧကန္တ သူငယ်ချင်း မရိုးတော့ဘူးနော်...။
နောက်ထပ်အချစ်အကြောင်းလေးတွေ ကြားလာရအုံးမယ် ထင်တယ်...။
...ခင်မင်သောအားဖြင့်...

flowerpoem said...

အချစ်မှာ အချစ်ပဲရှိတယ် Right!!

Anonymous said...

အချစ်က ရွေးတဲ့ အချစ်ကို တွေ့ရှိခံစားနိုင်ရင် ကောင်းကြမှာပဲ။ ပျော်ရွှင်နိုင်ကြမှာပါ။

ဖြိုးဇာနည် said...

အချစ်ကအချစ်ကိုရွေးပေမဲ့
မိဘတွေကသားသမီးတွေကောင်းဖို့အတွက်
ဘဝလမ်းကိုကြည့်ပြီးရွေးချယ်ပေးကြတော့ညီ
တို့အချစ်တွေလွတ်လပ်ခွင့်တချို့ဆုံးရှုံးထားရ
တယ်။့
ညီလဲအကို့ကဗျာလေးလိုပဲအချစ်ကိုအချစ်နဲ့ပဲ
ရွေးချယ်ခွင့်ရချင်ပါတယ့်

မိုးစက်အိမ် said...

အပေါ်က ဖတ်လာတဲ.စကားတွေ ကကောင်း
လိုက်တာဗျာ...အောက်ရောက်တော. ပို
တောင်လှသေး အချစ်က အချစ်ဘဲရွေး
တယ်တဲ. ... ကဗျာလေးကောင်းတယ်
အကိုရေ ... လှတယ်ဗျာ...

ကြယ်ပြာ said...

ကဗျာလေးလှလိုက်တာ ... အချစ်က အချစ်ကိုရွေးတယ်တဲ့ ... ဟုတ်တယ်နော် အချစ်က ဘ၀ကိုမရွေးတာတော့ အသေအချာပါပဲ ..... ဘာပဲဖြစ်ဖြစ် ကဗျာလေး ဖွဲ့ထားပုံက ချစ်ဖို့ကောင်းပါတယ် ...

Anonymous said...

အချစ်ဆိုတာ ပုဂ္ဂိုလ်မရွေးဘူး ... ဟုတ်တယ်နော်

ထရီဆာ (Teresa) said...

"အချစ်က အချစ်ကိုပဲရွေးတယ်"
း)