ဒီရက်ပိုင်းအတွင်း အရှုပ်တွေလုပ်ရင်း အလုပ်တွေ နဲနဲရှုပ်နေခဲ့တယ်။ ကိုယ်တိုင်လဲ ပို့စ်မတင်ဖြစ်ဖူး။ သူများတွေအိမ်ကိုလဲ သွားမလည်ဖြစ်ဖူး။ လာလည်ကြတဲ့သူတွေကို အားနာဖို့ကောင်းလိုက်တာ။ ကျနော်ဧည့်ဝတ်မကျေသလိုဖြစ်သွားခဲ့တယ်။
ဘာရေးရမလဲ စဉ်းစားပြန်တော့လဲ ဦးဏှောက်က ငြင်းဆန်နေတယ်။ ဘာအကြံမှ ထွက်မလာဘူး။ ဒါနဲ့ ကျနော်ကိုယ်တိုင်ရေးခဲ့တဲ့ ပို့စ်အဟောင်းလေးတွေ ပြန်ဖတ်ကြည့်လိုက်တယ်။ ကုန်ကြမ်းကလေးများ ရလိုရငြားပေါ့ဗျာ။ တစ်ခါတစ်လေကျတော့လဲ ဒီလိုလုပ်ရတာပါဘဲ။
တွေ့ပြီ.. တွေ့ပြီ.. သူဘဲ သူဘဲ။
အဲဒါ.. အဲဒါ.. ရန်ကုန်မှာမဟုတ်ပါ ဆိုတဲ့ပို့စ်ကလေးကို မေလ ၉ ရက်နေ့က ကျနော်ရေးခဲ့တယ်။ အဲဒီအောက်က ကွန်မင့်တ်လေးတွေကို ကျနော်ဖတ်ကြည့်လိုက်မိတယ်။ အဲဒီ ကွန်မင့်တ်လေးတွေကျေးဇူးကြောင့် ကျနော် ဒီပို့စ်လေးကို တင်လိုက်နိုင်တာပါ။
အဲဒီကွန်မင့်တ်တွေထဲမှာမှ အင်္ဂလန်ရောက်ဧည့်သည်တစ်ဦးရဲ့  ကွန်မင့်တ်လေးကိုတင်ပြပေးလိုက်ပါတယ်။
လန်ဒန်ကကြွက်အရေအတွက်ဟာ လန်ဒန်မြို့မှာ နေထိုင်တဲ့ လူဦးရေတွေထက်တောင် ပိုများပါတယ်တဲ့။ အဲဒါ ကျနော်ရမ်းတုပ်တာ မဟုတ်ဘူးနော်။ အင်တာနက်ထဲမှာ လွန်ခဲ့တဲ့ သုံးလလောက်က ကျနော်ကိုယ်တိုင် ဖတ်ခဲ့တာပါ။ လင့်ခ်ကိုတော့ ကျနော် ကောင်းကောင်းမမှတ်မိတော့လို့ မပေးလိုက်တော့ပါဘူး။ အခုဆိုရင် ယင်ကောင်တွေကိုတောင် တွေ့မြင်နေရပါပြီ။ တစ်ချို့ နေရာတွေမှာဆို ခြင်တွေတောင် ရှိနေပြီတဲ့။ ဒုက္ခ။
ဟဲ ဟဲ... လေအတော်လေးရှည်သွားပြီ။ ကျနော် အဓိကရေးချင်တာက အဲဒါတွေမဟုတ်ပါဘူး။ အင်္ဂလန်ရောက်ဧည့်သည်တစ်ဦးက ညွန်ပြပေးခဲ့တဲ့ လင့်ခ်ကလေးကို ကျနော် ဖွင့်ကြည့်လိုက်တယ်။ ဟိုက်ရှားဘား.... သူက ပီကေတွေ ထွေးပစ်ထားတဲ့အကြောင်း ရေးထားပါလား။ သူ့ပို့စ်က ပီကေကြောင့် အင်္ဂလန်နိုင်ငံကြီး ညစ်ပတ်တဲ့အကြောင်းရေးတယ်။ ကျနော်က ကွမ်းတံတွေးကြောင့် လန်ဒန်မြို့ ပေကျံနေတဲ့အကြောင်းရေးတယ်။ (ဒီ့ပြင် ညစ်ပတ်တဲ့အရာတွေလဲ လမ်းပေါ်မှာ အများကြီးရှိပါသေးတယ်)။
အဲဒီပို့စ်လေးကို က ကွန်မင့်တ် တစ်ခုပေးထားတယ်။
ကျနော် စိတ်ဝင်စားတာက အဲဒီကွန်မင့်လေးကိုဘဲဗျ။ တော်တော် ဟာသဥာဏ်ရှိတဲ့သူဘဲ။ မချီးကျူးဘဲ မနေနိုင်ဘူး။ ဟာသဆန်ဆန်ကဗျာလေးကို ကာရန်လေးနဲ့ ချက်ချင်း မင့်တ်သွားလိုက်ပုံများ။ ဂွတ်မှဂွတ်ဘဲ။
အံ့သြဖို့ကောင်းတာက သူ့နာမည်ကိုတောင် ထည့်မရေးသွားတာဘဲ။ ကျနော်သာ သူ့နေရာမှာဆို ကိုကိုမောင်ရေးသည် ဆိုပြီး သမားဂုဏ်ထုတ်မိမှာ သေချာတယ်။
ကဲ ရောင်းရင်းတို့လဲ မူရင်းအတိုင်းလေး ခံစားကြည့်ကြလိုက်ပါဦး။ ။
...........
said...
အဂ်လိပ်က ပီကေ ၀ါး၊
မြန်မာတွေက ကွမ်းတွေ စား။
ဝါးတာ စားတာ မတူငြား။
ထွေးတာ ချင်းတော့ အတူသား။
စုပ်ပဲ့ပဲ့ ထိုသူတွေ။
ပတ်ဝန်းကျင်ကို ဖျက်ဆီးနေ။
သူတို့ပါးစပ် ကောင်းဘို့အရေး
ပတ်ဝန်းကျင်ကို ဒုက္ခပေး။
ဒီ ဒုက္ခတွေ ကင်းအောင်ကွယ်
ပို့စ် ရေးကာ ကာကွယ်မယ်။
ရေးသူကိုယ်တိုင် ကွမ်းတွေစား
ပီကေ၀ါးကာ ရေးနေသလား။
ဟား ဟား ဟား၊ ဟား ဟား ဟား။
........
ကဲဗျာ... ဘာဘဲပြောပြော ကျနော်ကတော့ ပို့စ်တစ်ခုပြီးသွားပြီ။ ရောင်းရင်းတို့လဲ ဘာမှ ရေးစရာ ခေါင်းထဲ မရောက်လာရင် ကျနော့်လိုဘဲ သူများဟာ ခိုးချပေါ့ဗျာ။ ဟုတ်ဖူးလား။ ဟဲ ဟဲ။ ပိုင်တယ်ဟုတ်။
အားလုံးကို ကျေးဇူးတင်လျှက်။ ။
......
Tuesday 19 May 2009
9 comments:
- မိုးမြင့်အောင် said...
-
ကွမ်းစားပြီးဖတ်ခဲ့တယ်
- Wednesday 20 May 2009 at 04:38:00 BST
- flowerpoem said...
-
ကိုကိုမောင် ဆားချက်လို့ပိုရင်နည်း၂လောက်ပေးပါအုံး :P
- Wednesday 20 May 2009 at 09:09:00 BST
- မိုးခါး said...
-
:D
- Wednesday 20 May 2009 at 09:41:00 BST
- မြစ်ကျိုးအင်း said...
-
နည်းလမ်းကောင်းများလာလေ့လာသည်။။
- Wednesday 20 May 2009 at 13:14:00 BST
- မိုးစက်အိမ် said...
-
သူရေးသွားတာ သံချပ်လိုမျိုး နဲ.တူတယ်နော် အကို..
အကို အဟောင်းတွေ ပြန်ထုတ်နေတာ မအားလို.မှလား
ဌဲ ဌဲ ကျွန်တော်ပေါက်ပါတယ်..ဘယ်မှာလန်းနေတာတုန်း - Wednesday 20 May 2009 at 14:21:00 BST
- မသက်ဇင် said...
-
"အကြံကုန်လို့ ကိုကိုမောင်လဲဆားချက်နေရပြီ"
ဆိုတဲ့ ကိုကိုမောင်
ပျော်ရွှင်ပါစေ - Thursday 21 May 2009 at 02:48:00 BST
- နွေးနွေးသဲမွန် said...
-
ဟားဟား...ဆားချက်ထားတာ လာမြည်းသွားပါတယ်...
- Thursday 21 May 2009 at 04:25:00 BST
- ကြယ်ဖြူစင် said...
-
အကိုရေ...သူရေးသွားတာလေးဖတ်လို့ကောင်း တယ်နော်...အကိုကဗျာလေးတွေလည်းဖတ် ချင်ပါသေးတယ်..အားရင်ရေးပါဦးအကို....
- Thursday 21 May 2009 at 04:57:00 BST
- Dream said...
-
ဟတ်ဟတ်.... ပင်လယ်ရေတွေ ခန်းကုန်ပြီဗျို့..
တစ်ယောက်ပီး တစ်ယောက် ဆားချက်ကုန်လို့.....
အဲဒီလူရဲ့ကဗျာစပ်သွားတာကို ကြိုက်တယ်...ဟာသသဘောလေးနဲ့ နှောသွားတာ... :) - Thursday 21 May 2009 at 06:10:00 BST
Subscribe to:
Post Comments (Atom)
နောက်ဆက်တွဲ ဒီပို့စ်ကို ဖတ်ကြည့်လိုက်အုံး။ ကွမ်းတံတွေးတင် မကဘူး။ ပီကေတွေရောပဲ။
http://maydar-wii.blogspot.com/2009/03/blog-post_19.html