Tuesday 12 May 2009

လမ်းပြချစ်သူ

အချစ်ကိုရှာနေခိုက်
မင်းလေးရဲ့  စိုက်အကြည့်တွေကြောင့်
ကိုယ် ကြိုက်မိသွားတာပေါ့။

အချစ်ကို မသိခင်
မင်းလေးရဲ့  အပြုံးတွေ လာလာထိတော့
ကိုယ် ညှိသွားတာပေါ့။

ချစ်စကားကို မကြားဖူးခင်
မင်းလေးရဲ့  စကားချိုချိုလေးတွေကြောင့်
ကိုယ် တအားပိုခဲ့ရတာပေါ့။

ချစ်ရနံ့ကို မသိသေးခင်
မင်းလေးရဲ့  အနမ်းမွှေးမွှေးလေးကြောင့်
ကိုယ် အရမ်းလန်းခဲ့ရတာပေါ့။

ချစ်အတွေ့ကို မရသေးခင်
ခပ်ဖွဖွလေး "..ကဲ..ကဲ..ကဲ" ဆိုပြီး အထုခံရတော့
ကိုယ် စွဲ..စွဲ..စွဲမိသွားတော့တာပေါ့။

အချစ်အစွမ်းအစကို မရင်းနှီးပေမဲ့
မင်းလေးက လမ်းပြတစ်ယောက်ဆိုတော့
ကိုယ် စခန်းရောက်ရတာပေါ့။
အတူတူ လမ်းလျောက်ရတာပေါ့။
ကြည်ကြည်ဖြူဖြူ (အချစ်)ပန်းကောက်ကြတာပေါ့။ ။

..........

3 comments:

မိုးစက်အိမ် said...

အကို ကဗျာ လေးကလန်းလှချည်းလားအကိုရ....
ကောင်းတယ်ဗျာ...ကျွန်တော်လည်း ချစ်သူနဲ.
အချစ်ပန်းလေးတွေတူတူ ကောက်ချင်တယ်ဗျာ...

ကြယ်ဖြူစင် said...

အကိုကဗျာကမိုက်တယ်..အကိုချစ်သူနဲ့ပန်းတူတူ ကောက်နိုင်ပါစေလို့ညီမလေးဆုတောင်းပေးပါတယ်

Anonymous said...

လမ်းပြချစ်သူလေးနဲ့ ပျော်နေပါလား။ ကြည်ကြည်ဖြူဖြူ အချစ်ပန်း အတူကောက်ဖို့ အားကျသွားရင်း.. အမြဲ ပျော်ရွှင်လန်းဆန်းပါစေ။