Tuesday 26 May 2009

သင်ခန်းစာ (၄)

တစ်ခါတုန်းက မြန်မာနိုင်ငံက တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသူကျောင်းသားများစွာ ပညာသင်ယူနေကြတယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်ဟာ စာသင်ဆောင်သွားတဲ့ လမ်းပေါ်မှာ ချိုင့်တွေ ခွက်တွေဖြစ်နေပြီး ဆိုးဆိုးဝါးဝါးလမ်းပျက်စီးနေတာ တွေ့ရတယ်။

အများအသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက် လမ်းကို ပြုပြင်ချင်တဲ့ စိတ်ဆန္ဒတွေတစ်ဖွားဖွား အဲဒီကျောင်းသားရဲ့  စိတ်ထဲ ပေါ်ပေါက်လာတယ်။ လမ်းလဲကောင်း ကျောင်းသားကျောင်းသူတွေလဲ စိတ်ချမ်းသာဆိုရင် သူ အများကြီးကုသိုလ်ရပြီပေါ့။

ဒါနဲ့ တစ်ရက်မှာ အဲဒီကျောင်းသားဟာ အုတ် သဲ ကျောက် ဘိလပ်မြေ ထုံးတွေကို ၀ယ်ပြီး သူ့ဖာသာ လမ်းကို ပြင်လိုက်တယ်။ ချိုင့်ခွက်တွေဖြစ်နေတဲ့လမ်းလေးဟာ နေ့ချင်းဘဲ ကွန်ကရစ်လမ်းလေးဖြစ်သွားတယ်။ ကျောင်းသားကျောင်းသူတွေလဲ ၀မ်းသာပျော်ရွှင်သွားတယ်။ သွားရလာရတာလဲ အဆင်ပြေသွားတာပေါ့လေ။

တစ်နေ့မှာ
အဲဒီတက္ကသိုလ်က လူကြီးတစ်ယောက်ဟာ စာသင်ဆောင်ကို အကြောင်းကိစ္စတစ်ခုနဲ့လာရောက်ခဲ့တယ်။ ကောင်းမွန်ပြေပြစ်နေတဲ့ ကွန်ကရစ်လမ်းလေးကိုလဲ တွေ့လိုက်ရော။ သူ့မျက်နှာ ညိုပုပ်သွားတယ်။ ပြီးတော့ ကျောင်းသားကျောင်းသူတွေအားလုံးကို ခေါ်ပြီး ဒီလမ်းကို ဘယ်သူလုပ်တာလဲလို့ မေးမြန်းစစ်ဆေးတယ်။ အားလုံးကလဲ အဖြစ်မှန်ကို ပြောပြလိုက်ကြတယ်။

အဲဒီလူကြီးရဲ့  မှတ်ချက်စကားကတော့ မှတ်သားလောက်စရာဘဲဗျာ။
"မင်းက ကျောင်းသား အဆင့်ဘဲ ရှိသေးတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလမ်းကို ပြင်ရတာလဲ။ ဘယ်သူ့ကို အကြောင်းကြားပြီးပြုပြင်တာလဲ။ ဒါဥပဒေကို ချိုးဖောက်တာဘဲ။ ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဘဲဖြစ်ပါစေ။ နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ရင် မင်းကို ကျောင်းထုတ်ပစ်မယ်" တဲ့။

ယူတတ်ရင် သင်ခန်းစာပေါ့။

....

6 comments:

မိုးစက်အိမ် said...

အကိုရေ အတွေးတွေ အကိုပေးလိုက်တာဘဲ...
ကောင်းတယ်ဗျာ...ဒီသင်ခန်းစာ ပဟေတိ
အဆန်ဆုံးဘဲ

မိုးခါး said...

အိုးဟိုးဟိုး .. ကျွန်တော်မျိုးကြီးသေသင့်ပါတယ်လို့သာပြောလိုက်ပါတော့ အဲဒီလူကြီးကို ..

မသက်ဇင် said...

ကိုကိုမောင်ရေ
နမူနာပါပဲတော့့် 
အဲလိုပဲပြောချင်တော့တယ်

ကဗျာဦး said...

အာဏာပြချင်တာလေ
အကောင်းမြင်ဝါဒမရှိတာ

မီမီဝါ said...

အဲလိုပဲ ကိုယ်ကကူညီ ချင်လို့ လုပ်ပေးလုပ်တာပဲ.. ဒါပေမယ့် သူတို့အထင်မဟုတ်တော့ ဒုက္ခရောက်တာပဲ.

flowerpoem said...

သင်ခန်းစာယူသွားပါတယ် ကိုကိုမောင်ရေ