Monday 31 August 2015

ပို သံယောဇဉ်ရှိတယ် (ဘလော့ဒေးအမှတ်တရ)

ဖေ့စ်ဘုတ်က လွတ်လပ်ခွင့် ဒီမိုကရေစီဆို
ဘလော့က ချုပ်တည်းမှု ဆိုရှယ်လစ်ဖြစ်မယ်။

ဖေ့စ်ဘုတ်က စည်းကမ်းပျက် အာဏာရှင်ဆို
ဘလော့က စည်းကမ်းရှိ ဒီမိုကရေစီဖြစ်မယ်။

ဖေ့စ်ဘုတ်က ဟိုဖော်ဒီဖော် ခပ်ဟော့ဟော့ အပျိုမလေးဆိုရင်
ဘလော့က ယဉ်ယဉ်ကျေးကျေး အပျိုစင်လေးဖြစ်မယ်။

ဖေ့စ်ဘုတ်က ပြက်ချော်ချော် လူပြက်ဆိုရင်
ဘလော့က တည်တည်တံ့တံ့ ဂုဏ်သရေရှိ လူကြီးဖြစ်မယ်။

ဖေ့စ်ဘုတ်က ပူပြင်းတဲ့ နေမင်းဆိုရင်
ဘလော့က အေးမြတဲ့ လမင်းဖြစ်မယ်။

ဖေ့စ်ဘုတ်က သဲကန္တာရကြီးဆိုရင်
ဘလော့က အိုအေစစ်လေးဖြစ်မယ်။

ဖေ့စ်ဘုတ်က ကြမ်းတမ်းတဲ့ မုန်တိုင်းဆိုရင်
ဘလော့က နူးညံ့တဲ့ လေပြေဖြစ်မယ်။

ရှေးရိုးစွဲလို့ပဲ ပြောပြော
နောက်ကြောင်းပြန်လှည့်ချင်တယ်ပဲ ဆိုဆို
သူကြီးကတော့
ဘလော့ကို ပို သံယောဇဉ်ရှိတယ်။


တုံးဖလားသူကြီးမင်း
(၃၁၊၀၈၊၂၀၁၅ တနင်္လာနေ့ နံနက် ၀၁း၄၀ နာရီ)


.

4 comments:

စံပယ်ချို said...

အေးမြတဲ့ ဘလော့ထဲ မကြာခဏ ရောက်ပါတယ်
ဂျက်ကလဲ သံယောဇဉ်ရှိပြီးသားပါရှင်။

သူကြီးမင်း (တုံးဖလား) said...

သူကြီးလဲ လျောက်လည်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်မင့်တွေတော့ ဟိုတုန်းကလို သိပ်မပေးဖြစ်တော့ဘူး။
ကျေးဇူးတင်ပါတယ်။ မိစံပယ်။

မိုးဇက် said...

ဒါဟာ ခေတ်ကိုရင်ဘောင်တန်းပြီး ပြေးလိုက်နေရတဲ့ နူရိုခေတ်ရေစီးကြောင်းကို ဆန့်ကျင်ပြီး နောက်ကြောင်းပြန်လှည့်နေတာပါ ။ ........ ဤအဆိုကို ငြင်းချက်ထုတ်ပါသီ......းD

မရောက်တာကြာလို့ လာရောက်ခြေချသွားသည် ။

ပုံ ..........
မိုးဇက်

းD

Aunty Tint said...

တော်လိုက်တဲ့ သူကြီးမင်း ... ဒါကြောင့်လည်း သူကြီးမင်းဖြစ်နေတာပေါ့ ..
ဒီကနေ့မှ ဘလော့တွေလျှောက်လည်ခွင့်ရတော့တယ် အားပါးတရ ဖတ်ရတာတော့ ကျေနပ်စရာပါ။
နေ့တိုင်းဘယ်သူပို့စ်တင်လဲဆိုပြီး အမောတကောရှာရတာနဲ့စာရင် ၁-လလောက်မှာ ၁-ကြိမ်အားပါးတရ ဖတ်ရတာပိုများကောင်းမလားလို့ ခပ်ချောင်ချောင်အတွေးလေးဝင်သွားတယ် :P