Saturday 21 November 2009

တောင်ပံတစ်ဖက်ငှားပေးပါ


ခုန်ဆွ ခုန်ဆွဘ၀ကို
တောင်ပံနှစ်ဖက်တပ်ပေးခဲ့တဲ့အတွက်
ဝေဟင်ထဲ ရစ်ဝဲနေရတဲ့ဘဝ
ခြေရာတွေ ကျပျောက်မှာတော့ စိုးရိမ်မိတယ်။


ဆင်သွားသလို လမ်းမဖြစ်ရင်တောင်
ရေပေါ်က ပန်းချီကားတစ်ချပ်မျိုး
ကိုယ် မဖြစ်ချင်ဘူး။


တောင်ပံတုတွေနှင့်မောပန်းလို့
မြေပြင်ပေါ်ခြေအချမှာ
ချိနဲ့နဲ့ အမူးသမားသွားဟန်ကို
ကိုယ် အကြောက်ဆုံးဘဲ။


နူးညံ့စွာ အိပ်မက်မက်ပြီး
ပစ်မှတ်ကို ပျံသန်းနိုင်ဖို့
ချစ်သူရေ
အားအင်အပြည့်ပါတဲ့
တောင်ပံတစ်ဖက်ငှားပေးပါလား။

...

9 comments:

Anonymous said...

ကိုကြီး
ကဗျာလေးလာဖတ်တယ်သိလား

လင်းကြယ်ဖြူ said...

အတောင်ပံပါရင် မင်းဆီကို ဆိုသလိုပေါ့နော
ပျော်ပါစေဗျာ

khun said...

ကဗျာလေးကောင်းတယ်....
ကိုကြီးကိုကိုမောင် ခုန်ဆွခုန်ဆွဖြစ်နေတာကို
မျက်လုံးထဲမြင်ယောင်နေတယ်.....

ငါ့အစ်ကို တောင်ပံတစ်ဖက်ငှားပေးတဲ့သူနဲ့
မြန်မြန်တွေ့နိုင်ပါစေတော်....

flowerpoem said...

တောင်ပံတော့မရှိဘူး ပုစဉ်းလွှတ်ပေးမယ် ကိုကိုမောင် အဆင်ပြေလား :P

Anonymous said...

အပေါ်က တစ်ယောက်ကတော့ မြင်ယောင်တယ်တဲ့ အဲဒီတော့ ကိုယ့်လုံခြုံရေးတော့ ဂရုစိုက် ခုန်စွရင်ပြောပါ တယ် ပြုတ်ကျမစိုးလို့

နောက်တာနော်

မတွေ့တာကြာပေါ့

တစ်ဖက်ငှားဖို့ ကျွန်တော် ပြောလိုက်ပါမယ်ဗျာ

လာစနေတယ် စိတ်မဆိုးပါနဲ့ဗျာ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

မြစ်ကျိုးအင်း said...

ကျနော်လည်း အတောင်ပံလိုချင်သေး သွားချင်ရာ သွားရအောင်လို့ လေယာဉ်စင်းလုံးငှားတာက ပိုသေချာ မယ်ထင်တယ်း)

ဇွန်မ said...

တောင်ပံတစ်ဖက်ငှားပေးပါ ဆိုတဲ့ကဗျာလေးက ထူးထူးခြားခြားပဲနော် ကဗျာလေး ကောင်းတယ်

မိုးစက်အိမ် said...

အစ်ကိုတောင် တစ်ဖက်တည်းတော့ မလန်းဘူးဗျာ
တစ်စုံသာဌားလိုက်တော့ ဒါမှ ဟိုသီချင်းလို ဒါမှ
ချစ်တဲ့ လူရှိရာ မင်းလိုဘဲ ပျံ နိုင်မယ်မဟုတ်လား :)

Anonymous said...

Hey. Sorry to trouble you but I ran across your blogging site and discovered you're using the exact same theme as me. The only issue is on my blog, I'm battling to get the style and design looking like yours.
Would you mind e-mailing me at: sharron-goldstein@gmail.
com so I can get this figured out. By the way I have bookmarked your web-site:
http://www.blogger.com/comment.g?blogID=7609397484304819032&postID=8233733469665228723 and will be visiting often.
With thanks!

my web page; music