Sunday 22 November 2009

သူမမွေးနေ့


ဘ၀ကို
ဝီရိယ၀တ်ရုံလွှာနဲ့
လုံခြုံစေပြီး
ပုံစံခွက်ထဲထုဆစ်လို့
ပျော်စရာဇာတ်လမ်းလေးတွေကို
ဥပေက္ခာက သာသွားတယ်။


ပြက္ခဒိန်တွေ ကြွေသွားပေမဲ့
ချစ်ဝတ်ရည်ကို
သူမ မေ့ထားခဲ့လေရဲ့ ။


မိခင်ရယ် မိသားစုရယ်ကိုသာ
ရှေ့ တန်းတင် နွေးထွေးစေပြီး
အနန္တလမ်းပိုင်းကို
ချစ်မှုချစ်ခင်းအတွက်
ဥပေက္ခာတွေနဲ့ ပျံသန်းဖို့ ဟန်ချီရင်း
ချစ်ခြင်းရဲ့ နိဒါန်းကို
သူမ စလှမ်းခဲ့မိတယ်။


မိခင် မိသားစု ချစ်သူ
သူမရဲ့  ၀ီရိယ
လောကမှာ ဘာမှ မပူတော့။


စကြာဝဠာပျောက်ကွယ်သွားပါစေ
ကမ္ဘာကြီး အမှုန့်ဖြစ်သွားပါစေ
ရေတွေအားလုံးခဲသွားပါစေ
သူမ ရင်ဆိုင်ရဲသွားပြီ။


သူမရဲ့ အပြုံး
သူမရဲ့ ယုံကြည်မှု
သူမရဲ့ အချစ်
အာလုံး Perfect ပါဘဲ။


အလုပ်နှင့်ပျော်
ပျော်ရင်းနဲ့ အလုပ်လုပ်
ရိက္ခာထုတ်တွေ စုဆောင်းရင်း
သူမအသက် တစ်နှစ်ထပ်ပေါင်းလို့
မွေးနေ့ကို ကောင်းကောင်းရောက်ခဲ့ပြန်ပြီ။


မွေးနေ့(ဒီနေ့)ကစပြီး
လိုရာ လိုသလောက်
ကြံရာ ကြံသလောက်
မှန်းရာ မှန်းသလောက်
အားလုံးခရီးပေါက်ပါစေ။
အားလုံး ပြီးမြောက်ပါစေ။

.....

7 comments:

မြစ်ကျိုးအင်း said...

ဘယ်သူ့မွေးနေ့တုန်းဗျ

ကိုကိုမောင်နဲ့ ပါတ်သတ်တဲ့သူတယောက်ဆိုပါတော့

မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ကိုကိုမောင့်သူငယ်ချင်းက ဆုတောင်းပေးတယ်ပြောပေးဗျ။

flowerpoem said...

ဘယ်သူ့မွေးနေ့လည်း သယ်ရင်း
သယ်ရင်း ရဲ့သက်ဆိုင်သူ ရဲ့မွေးနေ့မှာ ပျော်ရွင်ပါစေ လို့ ၀ိုင်းဝန်းဆုတောင်းပေးပါတယ်..

နှင်းဟေမာ said...

သူမ ... ?
စဉ်းစားစရာလေးနော်
အစ်ကို မြစ်ကျိုးအင်း ပြောတဲ့အတိုင်းပေါ့လေ ... အဟီး ... ပျော်ရွှင်စရာမွေးနေ့လေးကစပြီး တိုတောင်းတဲ့ လူ့ဘ၀ခရီးမှာ အဓိပ္ပါယ်ရှိစွာရှင်သန်နိုင်ပါစေလို့ ..သူမလေဒအတွက် ဆုးတောင်းပေးခဲ့ပါတယ် နော် ....
သိပ်တော့ လှို့ဝှက်မထားပါနဲ့ ဆုတောင်းပေးရတဲ့သူတွေက ဟိုထင်ဒီထင်ရယ် အဟတ် အဟတ်း)
ခင်မင်လျှက်
မနှင်း

မိုးစက်အိမ် said...

သူမ ရေ ပျော်ရွှင်သောမွေးနေ့ လေး ဖြစ်ပါစေဗျာ
အစ်ကိုပေးတဲ့ ကဗျာလေး ဖတ်ပြီး သူမလည်းပျော်
နေလောက်ပါပြီ :)

Anonymous said...

အထက်လူများဆိုသကဲ့သို့

သူမတစ်ယောာက် မွေးနေ့မှသည် သူတစ်ယောက်နှင့်

ပျော်ရွှင်စွာ ပေါင်းဖက်ပျော်ရွှင်နိုင်ပါစေသတည်း

မေတ္တာရင်းဖြင့်

မင်းအိမ်ဖြူ

Anonymous said...

ဟီ အပေါ်လူတွေခေါ်သလိုပဲ သူမလို့ ခေါ်လိုက်မယ်နော်
သူမလေးမွေးနေ့ ကစပြီး ဒီလိုအင်မတန် ဂရုစိုက်တတ်တဲ့ ချစ်သူလေးနဲ့ ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာ အတူကျင်းပနိုင်ပါစေ


(ဘာလို့ ဒီလိုရုစိုက်တတ်တဲ့ချစ်သူလေး လို့ ရေးတာလဲဆိုတော့ ရုံလေးက ဒီကဗျာကို အပေါ်ကဗျာလေးဖတ်ပြီးမှ လာဖတ်လို့ ပါရှင်)

ခင်မင်စွာဖြင့်
ရုံလေး

Anonymous said...

အဲဒါ ဘူ့မွေးနေ့လဲ ပြောပြောပြောာာာာာာာာာာာာ
>.<