Sunday 22 November 2009

မမေ့ဘူး


ဗုဒ္ဓမွေးနေ့
ဂျီးဇပ်(ဇ်)မွေးနေ့
မိုဟာမက်မွေးနေ့

အက်ဒီဆင်မွေးနေ့
ဒါဝင်မွေးနေ့
နျူတန်မွေးနေ့

ဆော့ကရတ္တိမွေးနေ့
ပလေတိုမွေးနေ့
အရစ်(စ်)တိုတဲလ်မွေးနေ့

အိုဗားမားမွေးနေ့
ဂေါ်ဒွင်ဘရောင်းမွေးနေ့
ဗိုလ်ချုပ်မွေးနေ့

စတဲ့.. စတဲ့ မွေးနေ့
ကျုပ်မေ့ကောင်းမေ့နိုင်တယ်။

ဒါပေမဲ့...

ဒီနေ့
သူ့မွေးနေ့
ကျုပ်တစ်သက်မမေ့ဘူး။ ။

....

12 comments:

ဇွန်မ said...

ကောင်းလိုက်တဲ့ ကဗျာလေး ထိထိမိမိပဲနော်

Ree Noe Mann said...

မေ့စရာ လား အကိုရာ

တကယ်လို့ မေ့သွားရင်လည်း

ကိုယ့်ကိုယ်ကို သတ်သေသင်တယ်။

ချစ်ညီ ရီနို

Anonymous said...

ကျုပ်လည်း မမေ့ဘူး ဟာဟ

သူမကိုတော့ တင်ပြသင့်တယ် ဓါတ်ပုံတင်ပါဗျိုးးးးးးး


မြင်ချင်တယ် ကိုကိုမောင်ရဲ့ သူမကို


ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ

Anonymous said...

မေ့ရင်တော့ သိတယ်မှလာ ဟင်း ဟင်း
သေချာတာကတော့ လက်ထပ်ပြီးရင်တော့မေ့မှာပဲ သိနေတယ်

နှင်းနဲ့မာယာ said...

အဟမ်း အဟမ်း...
ကျားသားမိုးကြိုး !!!!
ကိုကိုမောင်၏ သူမဆိုပါလား...
ကိုကိုမောင်ကြီးလဲ စွံရှာသားပဲ....
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကောင်မလေးရေ....
းး)))

နှင်း

မြစ်ကျိုးအင်း said...

ဇောတွေ ဇောတွေ ချစ်ဇောတွေပေါ့

အမျိုးသမီးလေးတော့ ကံကောင်းရှာတယ်

ငါတို့သူငယ်ချင်းကြီးက သိပ်ချစ်တတ်တာပဲလေ။

ဒီလိုမျိုး ထပ်တွေ့ဖို့မလွယ်တော့ဘူးး)

(ကိုကိုမောင်ရေ တာဝန်ကျေတယ်နော်း)

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော
မွေးနေ့ကို အမှတ်တရဖြစ်စေသူရော
အားလုံးအဆင်ပြေလို့
ပျော်ကြပါစေ...

Unknown said...

မွေးနေ့မမေ့ဘူးပေါ့

flowerpoem said...

သူမမွေးနေ့လား Happy Birthday ပါ ကိုကိုမောင်ရဲ့ သူမရေ..

သုခုမလေဒီ said...

ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ မစ်(စ်)ကိုကိုမောင် ရေ...
သူမအကြောင်းလေးလည်းပြည့်ပြည့်စုံစုံရေးမှပေါ့။း))

Unknown said...

ပန်းရနံ့ရေ
ထပ်လာဖတ်တယ်ရှင်

khun thadar said...

ကိုကြီးကိုကိုမောင်ရဲ့သူမ
ဆန္ဒတွေပြည့်ဝပြီးအမြဲပျော်ရွင်ပါစေ။

ဆုတောင်းနောက်ကျတာစိတ်မရှိပါနဲ့။