Wednesday 18 November 2009

မူးနောက်နောက်

Academic မော်ဒန်ကဗျာတွေကို
Grammar ကျကျငြီးတွားရင်း
English အာကာသနယ်ထဲ
Practice တွေ Graphic မှိုင်းမိပြီး
Fluctuation ထံ ခစားနေကြလေရဲ့ ။


Presentation က ချွေးစက်ကို ချစ်ရေးဆိုသလို
Seminar ကလဲ မျက်နှာနီနီရဲကို မိတ်ဖွဲ့လို့
Debate မှာ သွားတွေ လေဟပ်သွားခဲ့တယ်
လူကြီးရှက်တော့ Laugh ဆိုလားဘဲ။


Essay က အိပ်ပျက်ညတွေကို ဖိတ်ခေါ်ပြီး
Dissertation မာယာရှင်အတွက်
Brain-storm က မုန်တိုင်းခပ်ထန်ထန်ရယ်
Thesis မုတ်သုန်လေ ပက်ဖျန်းရင်တော့
ဆောင်းအလယ်မှာ ရင်တွင်း မီးလောင်မှု ဖြစ်မလားဘဲ။ ။

...

10 comments:

Waing said...

ပထမဆုံး ကဗျာလာဖတ်သွားတယ် မူးသွားပြီ ပြန်တော့မယ် တာ့တား)

flowerpoem said...

မူးနေပါတယ် ဆို ပိုမူးအောင်လုပ်တယ် ကိုကိုမောင် :P

ဇွန်မ said...

တစ်ကြိမ်ဖတ်တာ နားမလည်လို့ နောက်တစ်ကြိမ် ဖတ်တော့ မူးနောက်လာတယ် ကိုကိုမောင် ဟီးဟီး

kokogyi21 said...

Wow! Great Poem ,
Bravo KKM.
Your master degree illustration is awesome.
Pls Carry on

Anonymous said...

သများလည်းမူးတယ်တဲ့
ရုံလေးလည်းယောင်မူးသွားတယ်သိလား ကိုကြီး

သုခုမလေဒီ said...

ကိုကိုမောင်ရေ...ရန်ကုန်ဆောင်းကတော့ တကယ်ကို ပူတယ်။း)) ဒါကြောင့်လားမသိ၊ အမလည်း မူးနောက် နောက်ဖြစ်နေတာအမှန်ပဲး))

ခြေလှမ်းသစ် said...

တကယ်မိတယ်ဗျာ ဒါမျိုးများများ စပ်ပါလားဗျာ..

လင်းကြယ်ဖြူ said...

ဒါဆိုရင်တော့
Relax လုပ်ရင်း
Stress တွေကို
Reduce လုပ်လိုက်ပါ

မိုးစက်အိမ် said...

အစ်ကိုတော့ စာတွေတောင် ကဗျာ လုပ်သွားတယ်
လန်ထွက်နေတာဘဲ :) :P

Anonymous said...

Searching delicious.com I noticed your website book-marked as: Blogger: ကိုကိုမောင
် (ပန်းရနံ့).
Now i'm assuming you book-marked it yourself and wanted to ask if social bookmarking gets you a bunch of targeted traffic? I've been looking at doing some social bookmarking for a
few of my websites but wasn't certain if it would generate any positive results. Thank you.

Review my homepage dance