Monday 9 November 2009

အင်္ဂလိပ်မှတ်စု (၂)

ဘာသာတစ်ခုကို လေ့လာရာတဲ့အခါ နေ့စဉ်ပုံမှန် အလေ့အကျင့်လုပ်ပေးမှ ဦးဏှောက်ထဲစွဲကျန်ရစ်တတ်တာပါ။ စိတ်ပါတဲ့အခါမှ ထလုပ်ရင် ချက်ချင်းတော့ဟုတ်သလိုလိုနဲ့ နောက်ပိုင်းကျတော့ အဆင်မပြေတာတွေ့ရတတ်တယ်။ စကားလုံးတွေ လွယ်ကူပေမဲ့ လွယ်ကူတဲ့ စကားလုံးတွေများလာရင် မှတ်ရတာ ခက်ခဲသွားတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် နဲနဲစီ အလေ့အကျင့်ပြုလုပ်ပေးတာ အကောင်းဆုံးပါဘဲ။
............


Outset= အစမှ

I told him at/from the outset I wasn't interested.

အစကထဲက စိတ်မ၀င်စားဘူးလို့ သူ့ကို ငါ ပြောခဲ့သားဘဲ။

Onset= (မနှစ်သက်ဖွယ်) အစမှ

The new treatment can delay the onset of the disease by several years.

ရောဂါစဖြစ်တာ နှစ်အတော်ကြာပြီဖြစ်တဲ့အတွက် စမ်းသပ်မှုအသစ်က အချိန်နှောင့်နှေးနိုင်တယ်။


Commencement= အစမှ

Would passengers please put out cigarettes before the commencement of the flight.

ခရီးသည်များအားလုံး... လေယာဉ်စမထွက်ခင် ကျေးဇူးပြုပြီး ဆေးလိပ်မီး ငြိမ်းပေးကြပါလားခင်မျာ။


Outwit= နှိပ်ကွပ်အနိုင်ယူခြင်း

Somehow he always manages to outwit his opponents.

တစ်နည်းနည်းနဲ့တော့ သူ့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်အောင် သူအမြဲတမ်း စီစဉ်နိုင်တယ်။


Outfit= ၀တ်စုံခပ်ဆန်းဆန်း

I've got a cowboy outfit for the fancy dress party.

ပါတီပွဲတွေအတွက် ကောင်းဘိုင်ဝတ်စုံ ခပ်ဆန်းဆန်းကို ကျနော်ဝတ်ဆင်တယ်။


Impetuous= ရလာဒ်ကို ဂရုမစိုက်ဘဲ အလျင်စလိုပြုလုပ်ခြင်း
Impregnable=နှိပ်ကွပ်လို့မရနိုင်လောက်အောင် သန်မာခြင်း

Ferocious=အလွန်ကြမ်းတမ်းပြီး သန်သန်မာမာရှိခြင်း

"Lennox Lewis, I'm coming for you man. My style is impetuous. My defence is impregnable, and I'm just ferocious. I want your heart."

လင်းနော့စ်လူးဝစ်ရေ.. မင်းအတွက် ငါလာနေပြီ။ ငါ့ရဲ့ စတိုင်လ်က ဘာကိုမှဂရုမစိုက်ဘဲ မိုက်ရူးရဲ ဆန်တယ်။ ငါ့ရဲ့  ခံစစ်က ဘယ်သူကမှ မထိုးဖောက်နိုင်လောက်အောင်ခိုင်မာတယ်။ ငါဟာ ကြမ်းတမ်းပြီးသန်မာကျစ်လစ်တယ်။ ငါ မင်းရဲ့ (ရဲရင့်တဲ့)နှလုံးသားလေးကို လိုချင်လိုက်ပါဘိ။


More information...

-inset

-Outfox

-Incipiency

-Outsmart

-Invincible

-Fierce

-Aggressive


....

1 comment:

zawzaw said...

လေ့လာလို့ကောင်းပါတယ်ဗျာ ဒါမျိုးလေးတွေ တင်ပေးပါဗျာ ..
ကိုဇော်