Saturday 7 November 2009

အင်္ဂလိပ်မှတ်စု (၁)

အင်္ဂလိပ်စာ အသုံးအနှုန်းတော့ မဟုတ်ပါဘူး။ မှတ်စု သဘောမျိုးလေးပါ။ သတင်းစာထဲမှာ ခဏခဏ တွေ့မြင်နေရပေမဲ့ ကျနော်က ဥာဏ်သိပ်မကောင်းတော့ မမှတ်မိဘူးဖြစ်နေတယ်။ ဒါကြောင့် လွယ်သယောင်နဲ့ ခက်ခဲနေတဲ့ စကားလုံးလေးတွေကို ကိုယ်ပိုင်မှတ်စုလေးတွေအဖြစ် ပြုလုပ်စုဆောင်းဖို့ အကြံရလာတာပါ။ စိတ်ဝင်စားတဲ့ ညီငယ် ညီမငယ်များလဲ ဖတ်ချင်ရင် ဖတ်လို့ရအောင် ကျနော့်မှတ်စုကို ဘလော့ဂ်ပေါ် ရေးသားလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။
.......


Custody (n)= အမှုမစစ်ဆေး မစီရင်မီ တရားခံအား ထိန်းသိမ်းထားခြင်း။

After riot, 32 people were taken into police custody.
ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် လူ ၃၂ ယောက်ကို ရဲစခန်းမှာ ထိန်းသိမ်းထားလိုက်တယ်။

Trail (n)= တရားရုံး၌ တရားသူကြီးအဖွဲ့က အမှုစစ်ဆေးခြင်း။
He is on trial for murder.
သူ လူသတ်မှုအတွက် တရားရုံးမှာ စစ်ဆေးခံနေရတယ်။

Verdict, Judgement (n)= (တရားသူကြီးအဖွဲ့က) အမှုစီရင်ချက်ချခြင်း။
Has the jury reached a verdict?
(တရားသူကြီးအဖွဲ့က) အမှု စီရင်ချက်ချပြီးပြီလား။

Prosecute, Sue (v)= တရားစွဲဆိုခြင်း။
The company was prosecuted for breaching the Health and Safety Act.
ကျန်းမာရေးနှင့်လုံခြုံရေးဥပဒေကို ချိုးဖောက်တဲ့အတွက် ကုမ္ပဏီကို တရားစွဲထားတယ်။

The accused, Defendant (n)= တရားခံ။
The accused was found innocent.
တရားခံမှာ အပြစ်မရှိဘူး။

Plaintiff, Complainant (n)= တရားလို။
The court upheld the plaintiff's claim for damages.
ရုံးတော်က တရားလိုရဲ့  အပျက်အစီးအတွက် တောင်းဆိုမှုကို သဘောတူတယ်။

Convict(v)= (ပြစ်မှုထင်ရှားသဖြင့်) ပြစ်ဒဏ်ချမှတ်ခြင်း။
He was convicted of fraud.
လိမ်လည်မှု ထင်ရှားသဖြင့် သူ့ကို ပြစ်ဒဏ်ချမှတ်လိုက်တယ်။

Acquit(v)= (အပြစ်မရှိသဖြင့်) ပြစ်ဒဏ်မှလွတ်ကင်းကြောင်း စီရင်ချက်ချခြင်း။
The jury acquitted him of murder.
ဂျူရီအဖွဲ့က အပြစ်မရှိသဖြင့် သူ့ကို လူသတ်မှုမှ တရားသေလွတ်ကင်းကြောင်း စီရင်ချက်ချလိုက်တယ်။


Related words (do with dictionary)
-Advocate
-Lawyer
-Solicitor
-Adjudicator
-Barrister

-Referee (in sports)
-Umpire(in sports)

-Prosecutor

-Jury
-Judge
-Panel
-Jury panel
-Grand jury

-allege

-Imprisonment
-Life sentence
-Life imprisonment
-Suspended sentence
-Capital punishment
-The death penalty
-Corporal punishment
-Detention
-House arrest

....

7 comments:

flowerpoem said...

Notes လာကူးပါတယ်

မြစ်ကျိုးအင်း said...

ကိုကိုမောင်ရေ ဒါမျိုးလေးတွေ သဘောကျတယ်ဗျာ

စာလာဖတ်တဲ့သူ တခုခု အကျိုးရှိတာလေးတွေ လုပ်ကြတာ တကယ် သဘောကျမိတယ်။

သိတဲ့သူအတွက် အရေးမကြီးပေမယ့် မသိတဲ့ သူအတွက် ဒါဟာတခုခု ရစေတာအမှန်ပဲ။

နောင်လည်း ဒီလို ဗဟုသုတ ဖြန့်ဝေတဲ့ ပို့စ်တွေ တင်ပေး ပါဗျာ။

မြစ်ကျိုးအင်း said...

ဟို တခါ တင်တဲ့ ခရီးသွား ပို့စ်လေးတွေလည်း သဘောကျတယ် ဓါတ်ပုံလေးတွေ မြင်ရတော့ ကိုယ်မရောက်ဖူးတဲ့နေရာကို မြင်ခွင့်ရတာ အကျိုးရလဒ် ပါပဲ။

စာဖတ်သူကို တခုခု ပေးမယ်ဆိုတဲ့ ပို့စ်တိုင်း သဘောကျနှစ်သက်တယ်။

မြစ်ကျိုးအင်း said...

ရဲဘော် ဆက် လုပ်

အားပေးတယ်။

yegyi said...

မှတ်သားသွားတယ်ဗျို့

လင်းကြယ်ဖြူ said...

မှတ်သားစရာတွေမို့
မှတ်ထားလိုက်ပါတယ်ခင်ဗျား..
ပျော်ပါစေ ဘော်ဒါရေ

ခြေလှမ်းသစ် said...

ဒါမျိုး glossary တွေ တင်ပြပေးတာ အရမ်းကောင်း ပါတယ်ဗျာ မှတ်သားစရာတွေချည်းပါပဲဗျာ