Sunday 22 February 2009

သတ်ပုံတွေ မမှားစေချင်ဘူး

သတ်ပုံမှားတဲ့ ညဥ့်နက်သန်းခေါင်ယံမှာ
ကာရန်မဲ့ ကဗျာတွေ ရေးသီဖွဲ့ရင်း
ခရောင်းတောလမ်းကို လက်ပစ်ကူးတဲ့သူတွေအကြောင်း
မစဉ်းစားဘဲ ခေါင်းထဲဝင်ရောက်လာမိတယ်။


မညီညာတဲ့ခြေလှမ်းတွေရဲ့  စည်းချက်မှန်မှန်ပြေးဆော့သံကို နားဆင်ရင်း
လောင်စာကုန်ခန်းခါနီး စီးကရက်တစ်လိပ်ကို
အချိုးအစားမကျတဲ့ လက်ချောင်းတွေရဲ့ ကြားထဲ
တစ်လိပ်ပြီးတစ်လိပ် တစ်ရိပ်ရိပ်နဲ့။


ရယ်မောသံတွေ ပြည့်နှက်နေစဉ်တုန်းက
ကြည်နူးမှုအရောင်အ၀ါတွေ တစ်လွင့်လွင့်
ထပ်ဆင့်လို့ ချစ်ခရီးသွား
နေ့လား ညလား ညလား နေ့လား
နေ့မအား ညမအား ညမအား နေ့မအား
ေ၀၀ါးနေခဲ့မိကြတဲ့ သူတို့အကြောင်း
ကျနော် ကောင်းကောင်း မသိခဲ့ပါဘူး။


အ၀တ်ဟောင်းတွေ အရောင်လွင့်ပြယ်ခိုက်
အသစ်စက်စက် ၀တ်ရုံလွှာကို အစားထိုး
သူကတစ်မျိုး ဟိုကတစ်မျိုး
ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်
သိပ် နောက်တတ်ပေမဲ့ သိပ်ကြောက်တတ်ပြီထင်ရဲ့ ။


သတိလက်လွတ် ငှက်တောင်ကျွတ်တော့
အသိခေါက်ခက် အ၀င်နက်ရောပေါ့
မြင်ရက်စရာ ထင်ရက်စရာ နှင်ရက်စရာမရှိ
အကြင်သက်လျာ မသိလေရော့သလားဆိုပြီး
စိတ်အားမငယ်တတ်ပေမဲ့ သိပ်သနားဖို့ကောင်းနေပြီ။


ကျနော်တစ်ယောက်ကတော့
သံစဉ်လွတ် တီးလုံးတွေရဲ့  အောက်မှာ
ကဗျာလွတ် အကကို ကပြအသုံးတော်ခံရင်း
မိုးစင်စင် လင်းခဲ့ပြီကော။





No comments: