Sunday 25 January 2009

အလိုလို


အလိုရှိတာတွေ
အလိုမပြည့်တဲ့လောကကြီးမှာ
အလိုရှိတာတွေ အလိုပြည့်ဖို့အတွက်
အလိုမပြည့်ခြင်းကို အလိုရှိခဲ့ရ
အလိုပြည့်ခြင်းကို အလိုမရှိခဲ့ရ။

အလိုမရှိတာကို အလိုမပြည့်ဖို့
အလိုရှိတာတွေ လိုအပ်နေဆဲမှာ
အလိုရှိတာတွေကို အလိုမရှိခဲ့ရ
အလိုမရှိတာတွေကို အလိုရှိခဲ့ရ။

အလိုမပြည့်တာကို အလိုမရှိပေမဲ့
အလိုပြည့်တာကို အလိုရှိတဲ့အတွက်
အလိုရှိတာတွေ အလိုပြည့်အောင်
အလိုလို ဆုတောင်းနေမိခဲ့။ ။

အလိုမပြည့်တာကို အကျင့်ရလာပြီမို့
အလိုမပြည့်ခြင်းမှာ အလိုကျဖြစ်လာခဲ့ပြီ
အလိုကျစွာ အလိုမကျခြင်းအပေါ်
အလိုလို ခင်တွယ်နေဆဲ။


မှတ်ချက်။
အလိုမတူခြင်း မလိုမတူခြင်း ကဗျာလေးကို အနည်းငယ်မှီငြမ်းထားပါတယ်။ ။


3 comments:

Unknown said...

အလို ပြည့်ဖို့ အလိုဖြည့်ရင်ဘယ်တော့မှမပြည့်ပါ။
အလိုမရှိတော့တဲ့နေ့ဟာ အလိုတော်ပြည့်သောနေ့ ပါ။
မြတ်ဘုရားဟောခဲ့တာပါ။

သူကြီးမင်း (တုံးဖလား) said...

တရားသဘောအရဆိုရင်တော့ ဟုတ်ပါတယ် ကိုကျော်။
လက်ခံပါတယ်။ ဒါပေမဲ့ ဘုရားရှင်တောင်မှ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြိုးစားမှ အလိုတော်ပြည့်တာပါ။ ဒါတောင် စိတ်နှင့်ဆုတောင်းခဲ့တာ မပါသေးဘူးလေ။
ကျနော်တို့လို ပုထုဇဉ်လူသားများအတွက်ကတော့ အလိုပြည့်ဖို့ အလိုမရှိတာတွေ အလိုရှိချင်ယောင်ဆောင်ရဦးမှာပေါ့ဗျာ။
ကိုကျော့် ကွန်မင့်လေးအတွက် ကျေးဇူးပါဘဲ။

Anonymous said...

လူတွေကတော့ဘယ်တော့မှ အလိုပြည့်တယ်ဆိုတာရှိမှာ မဟုတ်ပါဘူး။။